Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲဈေးက ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဝင်ရောက်ဖမ်းဆီးတဲ့ စည်ပင်ဝန်ထမ်း သေနတ်နဲ့ ပစ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Screenshot

စက်တင်ဘာ-၁၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကျောက်မဲမြို့ဈေးအတွင်းက ရွှေဆိုင်တစ်ဆိုင်ဟာ မနက် ၈နာရီခန့်မှာ ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေစဉ် လူ ၃ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

” အချိန်ယူစောင့်ကြည့်ပြီး လုပ်တာဖြစ်မယ်။ ဆိုင်ခင်းဖို့ ပြင်နေချိန် ဝင်လာတာ။ အထုပ်လိုက်ပါသွားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သူတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စည်ပင်ဝန်ထမ်းတစ်ဦးလည်း သေနတ်နဲ့ ပစ်ခံရပြီး ခြေထောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဓားပြတိုက်သူတွေကို ဖမ်းမိခြင်းမရှိဘဲ ဆုံးရှုံးသွားတဲ့ ရွှေထည်တန်ဖိုးကိုလည်း လတ်တလော မသိရသေးပါဘူး။

ဒါ့အပြင် ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မနက် ၆နာရီခန့်မှာ ကျောက်မဲမြို့ရဲ့ တောင်ဘက်ကနေ ကျယ်လောင်နဲ့ပေါက်ကွဲသံထွက်ပေါ်လာတာလို့ မြို့ခံတွေကပြောပါတယ်။

” အခုရက်ပိုင်းမှာ လေယာဉ်တွေလည်းဝဲတယ်။ ပေါက်ကွဲသံနဲ့ကြားတယ်ဆိုတော့ အရမ်းကြောက်လာတယ်။ ပေါက်ကွဲသံက ပြင်းတယ်။ ရှော့တိုက်ဒုုန်းကျတာလို့လည်း ပြောနေကြတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ‌၂၀၂၅ အောက်တိုဘာမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။‌

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။