Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းနယ်မြေထဲကဘာသာရေးအဆောက် အဦးတွေကိုဖယ်ရှားခိုင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

(၂၀၂၅ ဒီဇင်ဘာက စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ကို သွားရောက်စဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

စက်တင်ဘာ – ၁၂ ၊၂၀၂၆

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

စီမံကိန်းဧရိယာထဲကဘုန်းကြီးကျောင်း၊သီလရှင်ကျောင်း နဲ့ အခြားသော ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကိုဖယ်ရှားပေးဖို့ စာထုတ်ပြီးအကြောင်းကြားလာတာလို့ ဒေသခံအချို့ကအ သိပေးပါတယ်။

“ဒီနေရာက ရောင်းမှားဝယ်မှားနဲ့ ဖြစ်လာတဲ့ သဘောတွေပါ၊ ဘုန်းကြီးတွေကတော့ ညှိနှိုင်းပြီးတော့ လုပ်ချင်ကြတာပေါ့ ” လို့ ပြင်ဦးလွင်ခရိုင် ၊ ပြင်စာရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုအခါမှာစီမံကိန်းဧရိယာထဲပါနေပြီးကျုးကျော်ဖြစ်တာကြောင့် ဖယ် ရှားခိုင်းနေတဲ့ မြေနေရာတွေကို စစ်တပ်နဲ့ နီးစပ်သူတွေဆီက စာချုပ်နဲ့ ဝယ်ယူထားတဲ့ မြေတွေလည်းပါနေတယ်လို့သိရပါတယ်။

စစ်တက္ကသိုလ်တွေရှိရာပြင်ဦးလွင်မြို့ရဲ့အနောက်တောင်ဘက် ၁၂ မိုင်ကျော်အကွာ ပြင်ဦးလွင် – မန္တလေး ကားလမ်း ဘေးမှာရှိတဲ့ သုံးတောင်ရွာနဲ့ ပြင်စာရွာကြား မြေဧကတစ်သောင်း မှာ ရတနာပုံ နည်းပညာ မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်နေတာပါ။

အဲဒီစီမံကိန်းမှာ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ လာရောက်လုပ်ကိုင်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က သူရဲ့ အိန္ဒိယနဲ့ထိုင်းနိုင်ငံ ခရီးစဉ်တွေမှာ စီမံကိန်းကို မိတ်ဆက်ပြီး ဖိတ်ခေါ် စည်းရုံးခဲ့ပါတယ်။

ဒါအပြင် စီမံကိန်းမှာ စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ ရဲ့ဆောက်လုပ်ရေးကုမ္ပဏီက လုပ်ပိုင်ခွင့်အကျိုးအမြတ်တွေရနေတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ မလေးရှားရောက်မြန်မာတွေ တစ်ရက်တာအလုပ်နားပြီး သပိတ်မှောက်လှုပ်ရှားမှုပြုလုပ်ကြဖို့ မြန်မာ့အရေးမဟာမိတ်အင်အားစု (Myanmar Affairs Alliance - MAA) က တိုက်တွန်းထားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတအရေခြုံထားပေမယ့် လူသတ်ကောင်စရိုက် မပျောက်သေးကြောင်း ကျောက်တော်မြို့ အိန္ဒိယဈေးကို ဗုံးကြဲပြီး သက်သေပြလိုက်ကြောင်း ပြည်သူ့ပန်းတိုင်က ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာ​ကြောင်းရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။