Hi, what are you looking for?
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ကောင်စီ၏ ပလမြို့ရဲစခန်းကုန်းအား ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မိုင်းကွင်းအတွင်းကျရောက်ကာ စခန်းခြံစည်းရိုးများ မီးလောင်ကျွမ်းသွားကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကါယ်ရေးအဖွဲ့(ပကဖ)၊ ဒရုန်းတပ်ဖွဲ့ (Shadow Squad)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ကမ္ဘာ့သတင်းတွေမှာပါ ဒီရက်ပိုင်းဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ်မှာ တရုတ်မင်းသားလူကုန်ကူးခံရတယ်ဆိုတဲ့ဖြစ်စဥ်ရယ် ၊ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေမှာ လူထောင်ချီ ပိတ်မိနေတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားပါတယ်။