Connect with us

Hi, what are you looking for?

သတင်း

ငလျင်သင့်ဒေသတွေမှာ စာသင်ဆောင်တွေ မလုံလောက်လို့ နှစ်သုတ်ခွဲပြီး ကျောင်းတက်နေရ

ငလျင်သင့်ဒေသတွေမှာ စစ်ကောင်စီက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာ စာသင်ဆောင်တွေ မလုံလောက်လို့ ကျောင်းသူ ၊ကျောင်းသားတွေ နှစ်သုတ်ခွဲပြီး ကျောင်းတက်နေရပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မန္တလေးတိုင်း ၊ သာစည်မြို့နယ် ၊ ဆူးလေကုန်းရွာ မူလတန်းကျောင်း ဓာတ်ပုံ - Htin Kyaw

ဇွန် – ၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်သင့်ဒေသတွေမှာ စစ်ကောင်စီက စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရာ စာသင်ဆောင်တွေ မလုံလောက်လို့ ကျောင်းသူ၊ ကျောင်းသားတွေ နှစ်သုတ်ခွဲပြီး ကျောင်းတက်နေရပါတယ်။

ငလျင်ကြောင့် ထိခိုက် ၊ပြိုကျ ပျက်စီးသွားတဲ့ကျောင်းဆောင်တွေကိုပြန်လည်ပြုပြု တည်ဆောက်မှု မပြီးစီးသေးခင် ပြီးခဲ့တဲ့ တနင်္လာ (ဇွန်လ ၂ ) ရက်မှာ စစ်ကောင်စီက ၂၀၂၅ -၂၀၂၆ စာသင်နှစ် ကို စတင်စေခဲ့တာပါ။

စစ်ကိုင်း ၊ မန္တလေး နဲ့ နေပြည်တော်တို့မှာ စာသင်ကျောင်းတွေ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပေမယ့် ပြန်လည်တည်ဆောက်ရေး မစတင်နိုင်ခင်မှာ ပဲ ကျောင်းတွေကို စစ်ကောင်စီက အလျှင်အမြန်ဖွင့်စေတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များပြားတဲ့ စစ်ကိုင်းမြို့မှာဆိုရင် ယာယီကျောင်းဆောင်အချို့ ကို စစ်ကောင်စီပညာရေးဝန်ကြီးက ဆောက်လုပ်တာရှိပေမယ့် စာသင်ဆောင်တွေ မလုံလောက်ဘူးလို့မြို့ခံ ကျောင်းသားမိဘတွေဆီကသိရပါတယ်။

ဒါကြောင့် မူလတန်းကနေ လေးတန်းအထိကို မနက်ပိုင်း ၊ ငါးတန်းကနေ တက္ကသိုလ်ဝင်တန်း တွေကိုတော့ ညနေပိုင်း အချိန်တွေ ခွဲပြီး သင်စေတာပါ။

စစ်ကိုင်းမြို့ပေါ် က အထက်တန်းကျောင်း ၃ ကျောင်းလုံး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေဟာ ငလျင်ဒဏ်သင့်ခဲ့တဲ့ ကျောင်းဆောင်တွေမှာ ကျောက်တက်နေရတာကို မိဘတွေက စိုးရိမ်ပူပန်နေကြပါတယ်။

“နောက်ဆက်တွဲ ငလျင်တွေလည်း ခဏခဏလှုပ်တော့ ကိုယ့်ကလေး ကျောင်းလွှတ်ရတာ ဘုရား တသတသသ ဖြစ်နေတာပေါ့ ” လို့ စစ်ကိုင်းမြို့ က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းနဲ့ နေပြည်တော်တို့မှာ စစ်ကောင်စီက အမြန်ဆောက်လုပ်လို့ရတဲ့ သံဖရိန် ၊ အုတ်ကာ ၊သွပ်မိုး တစ်ထပ် ယာယီ ကျောင်းဆောင်တွေကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက စတင်တည်ဆောက်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း စာသင်ခန်းအရေအတွက် လိုအပ်ချက် ကြီးမားနေဆဲဖြစ်တာကြောင့် မနက်တစ်သုတ် ၊ ညနေတစ်သုတ်ခွဲပြီး သင်ကြားနေရတယ််လို့ နေပြည်တော်က ပညာရေးဝန်ထမ်းအချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က စစ်ကိုင်းမြို့ အနီး ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် စစ်ကိုင်း ၊ မန္တလေး ၊ နေပြည်တော်အပါအဝင် နိုင်ငံတဝှမ်းက စာသင်ကျောင်းပေါင်း ၂,၀၀၀ ခန့် ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ထားပါတယ်။

ဒါအပြင် စာသင်ကျောင်းတွေကို ငလျင်ဒဏ်သင့် မိသားစုတွေအတွက် ယာယီခိုလှုံရာနေရာတွေအဖြစ်အသုံးပြုခဲ့ရတယ်လို့လည်း UNOCHA က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး လည်ပတ်နိုင်တဲ့ဒေသတွေကစာသင်ကျောင်း တွေကို ပြန်လည်ဖွင့်လှစ်သင်ကြားစေပေမယ့် တဖက်မှာတော့တော်လှန် ရေးအင်အားစုတွေ စိုးမိုးရာ နယ်မြေတွေ က ကျောင်းတွေကိုတော့ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်က ဒီပဲယင်းမြို့နယ် ၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုမှာ ဆိုရင် ဆရာမ ၂ ဦး ၊ ကျောင်းသူ ၊ကျောင်းသား ၂၂ ဦး စုစုပေါင်း ၂၄ ဦးသေဆုံးပြီး ဒဏ်ရာရသူ လည်း ၁၀၀ ကျော်ရှိခဲ့ပါတယ်။

စစ်ကောင်စီလေတပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မြေပြင်မှာ လက်ရှိ ဖွင့်လှစ်ထားတဲ့ ကြားကာလ ပညာရေး ကျောင်းအားလုံး ယာယီ ပိတ်ထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်မှာ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

Facebook