Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့အနီးအထိ တိုက်ပွဲ တွေနီးကပ်လာလို့ဒေသခံတချို့စစ်ဘေးရှောင်

နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်နေတာမို့မြို့ခံ​တွေ စစ်ဘေးစတင် တိမ်းရှောင်လာကြသလို အသင့်အနေ အထားနဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူ တွေက​ပြောပါတယ်။

ဇွန်-၅၊၂၀၂၅၊မေ၊People Spring

နောင်ချိုမြို့အနီးအထိ တိုက်ပွဲတွေဖြစ်လာပြီးစစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်နေတာမို့မြို့ခံ​တွေ စစ်ဘေးစတင် တိမ်းရှောင်လာကြသလို အသင့်အနေ အထားနဲ့ နေထိုင်နေရတယ်လို့ ဒေသခံပြည်သူ တွေက​ပြောပါတယ်။

‌ဇွန်လ ၅ရက်နေ့မှာနောင်ချိုမြို့နယ်ကနေ ရှမ်းပြည်နယ်တောင်ပိုင်းကို သွားတဲ့ လမ်းပိုင်းမှာ ရှိတဲ့ ကံကြီးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့​ဒေသခံ​တွေက​​ပြောတယ်။

ကံကြီးရွာဟာ နောင်ချိုမြို့နဲ့ ၉မိုင် ဝန်းကျင်သာ ဝေးတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မြို့ထဲကျန်တဲ့သူ တွေကလည်း အကုန်ကားပေါ်ပစ္စည်း တွေတင်ပြီး အသင့်ပြင်ထားရတယ်။တိုက်ပွဲက မြို့ပေါ် ပြန်ရောက်လာနိုင်တယ်”လို့ မြို့ခံတဦးကပြောပါတယ်။

​ဒေသခံပြည်သူ​တွေဟာ​ကျောက်မဲမြို့နယ်နဲ့ ​​ဘေးကင်းမယ်ထင်တဲ့ ဘက်ကိုကြိုတင်စစ်ဘေး ရှောင် နေကြပြီလိုဒေသခံ တွေကပြောပါတယ်။

ဇွန် ၄ ရက်နေ့ကလည်း စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေ မြို့တွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပေမယ့် People’s Spring ကအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဇွန် ၄ ရက်နေ့ကပဲ ဒရုန်းနဲ့ မြို့တွင်းကို ဆယ်ကြိမ်ထပ်မနည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးသီးတွေ ချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တအောင်းတပ်မတော် (TNLA)ကတော့ ပြည်သူတွေ အနေနဲ့ စစ်ရေးအရ စိတ်ပူစရာမလို ကြောင်း သတင်းပြန်ကြား ရေးတာဝန်ခံ လွေးယေဦး က ဒီကနေ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

“နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေတာဖြစ်ပါတယ်။”လို့ လွေးယေဦးကရှင်းလင်းပွဲမှာပြောပါတယ်။

စစ်ကောင်စီက နောင်ချိုမြို့ကိုပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာ တွေဘက်ကနေထိုးစစ်ဆက်ဆင်တိုက်ခိုက် နေပြီး ကျေးရွာတချို့ကိုလည်း ပြန်သိမ်းယူထားတယ်လို့သိရပါတယ်။

နောင်ချိုမြို့ကို ၂၀၂၄ခုနှစ် ဇူလိုင်လက TNLA၊ PDF နဲ့ပူး​ပေါင်းတပ်​တွေကတွေသိမ်းပိုက်ထားတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကာကွယ်နိုင်ရန် နှင့် ပြန်လည်လက်လွှတ်ခဲ့ရသော နောင်ချို ၊​တောင်းခမ်းတို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်အကြံပြုတိုက်တွန်းချက်များကိုဥပဒေအထောက်အကူပြုကွန်ရက်(Legal Aid Network)က ယ​နေ့ထုတ်ပြန်သည်။