Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ပစ်မှတ်ထားဖမ်းဆီးနေ

မန္တလေးမြို့တွင်း နဲ့ မြို့ပြင် တွေမှာ ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို အခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

၂၀၂၁ ခုနှစ် ၊ နှစ်ကုန်ပိုင်းက မန္တလေးမှာ ယာဉ်စစ်ဆေးမှုကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဇွန် – ၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့တွင်း နဲ့ မြို့ပြင် တွေမှာ ယာဉ်ထိန်းနဲ့ ရဲတွေက အိမ်စီးကား လှည့်လည်ပြီး လိုင်စင်မဲ့ ကား၊ ဆိုင်ကယ်တွေကို အခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ယခင်ကလို ယာဉ်ထိန်း ၊ ရဲ ၊ ထွေအုပ် ၊ ပြည်သူ့စစ် ပါဝင်တဲ့ အဖွဲ့စုံနဲ့ အထိုင်ချ စစ်ဆေးတာမျိုး မဟုတ်ဘဲ အိမ်စီးကားနဲ့ လှည့်လည်ပြီး လမ်းပေါ်မှာ ရှောင်တခင် တားဆီး စစ်တာမျိုး ပြုလုပ်နေတာပါ။

” နောက်ကနေလိုက်လာပြီး မင်းဆိုင်ကယ်က လိုင်စင်မပါဘူးမလားဆိုပြီး ဆိုင်ကယ်ပိုင်ရှင်ပါ ခေါ်သွားတာ”လို့ ပုသိမ်ကြီးမြို့နယ်မှာ ဇွန်လ ၄ ရက်က ဖမ်းခံရသူရဲ့ မိသားစုဝင်တစ်ဦးက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်မှာ လူကိုတော့ ဖမ်းပြီး ၃နာရီအကြာမှာ ပြန်လွှတ်ပေးလိုက်ပေမယ့် ဆိုင်ကယ်ကိုတော့ သိမ်းဆည်းလိုက်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ပရဟိတလူမှုကူညီရေးအသင်းရုံးတွေ နဲ့ နေအိမ်တွေမှာ လိုင်စင်မဲ့ယာဉ်တွေ ရှိမရှိ လိုက်လံ ရှာဖွေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေမှာ လိုင်စင်မဲ့ယာဥ်လက်ခံထားတာ ၊ စီးနင်းတာမျိုးမလုပ်ဖို့လည်း မြို့နယ် သံဃနာယကအဖွဲ့တွေက အသိပေးထားတယ်လို့ သိရပါတယ်။

” ဘယ်လောက်ထိဆိုးနေလဲဆို စားသောက်ဆိုင်ရှေ့ ကားရပ်ထားတာကိုတောင် လိုင်စင်မဲ့လားဆိုပြီး လာကြည့်သွားတာ”လို့ ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

မန္တလေးမှာ ဇွန်လ ၁ရက်ကစတင်ပြီး လိုင်စင်မဲ့ယာဥ်တွေကို လိုက်လံဖမ်းဆီးနေပြီး အခုတစ်ခေါက်က ညွှန်ကြားချက်ကြောင့် ဖမ်းတာဖြစ်တဲ့အတွက် ယခင်ကလို ငွေပေးပြီး ပြန်ရွေးယူတာမျိုးမရတော့ဘူးလို့ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေး ဝန်ထမ်းအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

အခုလို ဖမ်းဆီးမှုဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က လိုင်စင်မဲ့ ကားတွေ ၊ ဆိုင်ကယ်တွေကို ဖမ်းဆီးဖို့ ညွှန်ကြားလိုက်ပြီးနောက် ဖြစ်ပေါ်လာတာပါ။

လိုင်စင်မဲ့ ယာဉ်တွေဟာ အခွန်အခ နစ်နာသလို လုံခြုံရေးပိုင်း ထိခိုက်စေတယ်လို့ စစ်ကောင်စီခေါင်းဆောင်က အဲဒီအစည်းအဝေးမှာ ပြောခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် မြေပြင်မှာတော့လိုင်စင်မဲ့ကားတွေ ၊ ဆိုင်ကယ်တွေကို စစ်ကောင်စီလက်အောက်ခံ စစ်ဘက်နဲ့ နယ်ဘက် ဝန်ထမ်းတွေ ၊ အုပ်ချုပ်ရေးအဖွဲ့တွေ ၊ ပြည်သူ့စစ် ခေါ် ပျုစောထီးတွေ စီးနင်းနေကြတယ်လို့ မန္တလေးမြို့ခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ မနေ့ မတ်လ ၉ရက် ညက မီးလောင်မှုကြောင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

သတင်း

ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ကိုယ်စိတ်နှလုံးကြေကွဲခံစားခဲ့ရတဲ့မန္တလေးငလျင်ကြီးအကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားကိုမန္တလေးမြို့ခံတွေကကန့်ကွက်ဝေဖန်နေကြပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ မြို့သစ်ပိုင်းက လမ်းဘေးဆိုင်တွေကို စစ်​ကောင်စီခန့်ဝန်ကြီးချုပ်အမိန့်နဲ့ ရဲနဲ့စည်ပင်က လိုက်လံဖယ်ရှားနေလို့ ဆိုင်တွေပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်မြို့တော် ဘားအံမှာ လိုင်စင်မဲ့ ကားတွေကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် အပစ်ရပ်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။