Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ် အငြင်းပွားမှုကို ထိုင်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ကမ္ဘောဒီးယား ဆန္ဒမရှိ

နယ်စပ်ကိစ္စ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားဟာ ထိုင်းနဲ့ အကျေအလည် ဆွေးနွေးမယ့် အလားအလာ မရှိဘူးလို့ သိရပါတယ်။

Khaosod English

နယ်စပ်ကိစ္စ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားဟာ ထိုင်းနဲ့ အကျေအလည် ဆွေးနွေးမယ့် အလားအလာ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ နယ်စပ် တစ်နေရာမှာ နှစ်ဖက်စစ်တပ်တွေကြား ပစ်ခတ်မှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သားတစ်ယောက် သေဆုံးခဲ့တဲ့နောက် အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ တင်းမာမှုတွေ ရှိနေပါတယ်။

နှစ်ဖက်စစ်တပ်တွေက ပဋိပက္ခကို ပိုဆိုးမလာအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ သဘောတူထားပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကို နှစ်နိုင်ငံကြား အကျေအလည် ဆွေးနွေးဖို့ ထိုင်းရဲ့ အဆိုပြု ကမ်းလှမ်းမှုကိုတော့ ကမ္ဘောဒီးယားက လက်မခံဘူးလို့ ဆိုပါတယ်။

အဲဒီအစား ကမ္ဘောဒီးယားဟာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)လို နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့အစည်း တစ်ခုခုက ကြားဝင် ဆုံးဖြတ်ပေးတာကို လိုလားကြောင်း အတိအလင်း သဘောထား ပြသထားပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၄ ရက်နေ့မှာတော့ ထိုင်းအစိုးရက နယ်စပ်ကိစ္စ အငြင်းပွားမှုတွေနဲ့ ပတ်သက်ရင် အချုပ်အခြာ အာဏာ တည်တံ့မှုကို မြဲမြဲမြံမြံ ကာကွယ်တဲ့ ရှုထောင့်ကနေ ချဉ်းကပ် ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘောဒီးယား အစိုးရ မီဒီယာရဲ့ အာဘော်အရ အစိုးရ အနေနဲ့ ထိုင်းနဲ့ နယ်စပ်တလျှောက်မှာ နေရာ ၄ ခုနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေကို ICJဆီ တင်ပြပြီး အဆုံးအဖြတ် ခံယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဇွန်လ ၅ ရက်နေ့မှာတော့ ထိုင်းကာကွယ်ရေးဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်ဟာ အမျိုးသား လုံခြုံရေးကောင်စီ (NSC) အစည်းအဝေးကို ခေါ်ယူပြီး ကမ္ဘောဒီးယားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ်အရေးကို ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇွန်လ ၁၄ ရက်နေ့ကျရင် နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ စကားပြောစေမှာ ဖြစ်ပြီး ကမ္ဘောဒီးယားက ICJထိ သွားရောက်မယ့် ကိစ္စကို တရားဝင် အသိပေးလာဖွယ် ရှိနေပါတယ်။

ICJဟာ နိုင်ငံတွေကြားက အငြင်းပွားမှုတွေကို ကြားဝင်ဖြေရှင်းပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားတဲ့ တရားစီရင်ရေး ဌာနဖြစ်ပြီး အမှုနဲ့ ပတ်သက်လို့တော့ စီရင်ချက် ချမှတ်ချိန်အထိ အတောအတွင်း နှစ်တွေနဲ့ချီ အချိန်ယူရနိုင်ပါတယ်။

ထိုင်းအစိုးရဟာ တကယ်လို့ နယ်စပ်မှာ တင်းမာမှုတွေ ပြေလျော့မသွားဘဲ ပိုဆိုးလာမယ်ဆိုရင် နယ်စပ်ဂိတ်တွေကို အကန့်အသတ်နဲ့ဖြစ်စေ၊ လုံးဝဖြစ်စေ ပိတ်ထားနိုင်ခြေ ရှိကြောင်း သတင်းတွေကိုလည်း ငြင်းဆန် မထားဘူးလို့ သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာကုန်သွယ်ရေးမှာအရေးပါတဲ့ အာရှလမ်းမကြီးပြန်ဖွင့်မယ်ဆိုတဲ့သတင်းတွေထွက်နေချိန်မှာမြဝတီမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ထိုင်းစစ်တပ်အရာရှိတွေ ဒီနေ့ (မတ်လ ၂၅ ရက်)မှာ နယ်ခြားကော်မတီ အစည်းအဝေး ပြုလုပ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ် တိုက်ပွဲတွေမှာ နယ်မြေတချို့ကို စစ်ရေးအရ တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝန်ချတောင်းပန်ဖို့ ကမ္ဘောဒီးယားကို ထိုင်းအစိုးရက တောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ အခြေစိုက်ရာ KK Park အထူးစီးပွားရေး ဇုန်ကနေ ထွက်ပြေးလာသူတွေကြောင့် နယ်စပ်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။