Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတွင် စစ်ကောင်စီနှင့် အပြန်အလှန် ထိုးစစ်များ ရှိနေဟု TNLA ပြော

တအာင်းတပ်မတော်(TNLA) တိုက်ခိုက်သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများအ​နေဖြင့်စစ်ရေးအရ စိတ်ပူစရာ မလိုကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

TNLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-TNLA

■လူထုများလုံခြုံရေးဂရုစိုက်ရန် နှင့် စစ်ရေးအရ စိတ်ပူစရာမလို၊ ဗျူဟာအတိုင်းဆောင်ရွက်နေဟု အသိပေး

ဇွန်-၅၊၂၀၂၅။ရဲခေါင်၊ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) တိုက်ခိုက်သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများအ​နေဖြင့်စစ်ရေးအရ စိတ်ပူစရာ မလိုကြောင်း TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ဇွန်လ ၅ရက်မနက်တွင်TNLAက စစ်ရေး၊ နိုင်ငံရေးဆိုင်ရာများ သတင်းစာရှင်းလင်းစဉ် နောင်ချိုဒေသ တိုက်ပွဲ အခြေအနေကို ယခုကဲ့သို့ပြောပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“နောင်ချို၊တောင်ခမ်းဘက်ကတော့ လက်ရှိအချိန်ထိ တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်မှုပြုလုပ်နေပါတယ်။ အပြန်အလှန်ခုခံတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ဆိုတော့ကတော့ လူထုတွေကတော့လုံခြုံရေးကိစ္စအထူးဂရုစိုက်ဖိုလိုပါတယ်။စစ်ရေးအရတော့ စိတ်ပူစရာမလိုဘူးပေါ့နော်။တစ်ဖက်နဲ့တစ်ဖက်ကိုယ့်ရဲ့စစ်ရေးဗျူဟာအတိုင်းပဲဆောင်ရွက်နေ တာဖြစ်ပါတယ်။” ဟု လွေးယေဦးက ပြောကြားသည်။

စစ်ကောင်စီ က ဇွန်လ ကုန်အထိ အပစ်ရပ်သက်တမ်းတိုးကြောင်း ကြေညာခဲ့သော်လည်း နောင်ချိုကိုလေကြောင်း ၊ ဒရုန်း နှင့်လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဧပြီနှင့် မေလကလည်း ငလျင်အကြောင်းပြ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း နောင်ချိုမြို့နယ်အတွင်း TNLA တပ်ရှိရာနေရာများကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

TNLA၏ဇွန်လ ၄ ရက်​နေ့ထုတ်ပြန်ချက်အရ မေလ အတွင်း နောင်ချိုမြို့ရှိ ကျေးရွာများနှင့် TNLA တပ်ရှိရာ နေရာများကို ဦးတည်ပြီး စစ်ကောင်စီက လေကြောင်းမှ ၁၂ကြိမ်၊ လက်နက်ကြီးဖြင့် ၇၇၆လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၃၂၉ လုံး၊ အဆိပ်ငွေ့ဗုံး ၁၄၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ထိုသို့တိုက်ခိုက်မှုများကြောင့်ပြည်သူ၆ဦးသေဆုံးကာ ၁၄ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။

စစ်ကောင်စီသည် နောင်ချိုမြို့နယ်အပြင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ကျောက်မဲ၊ မိုင်းငေါ့၊မိုင်းလုံနှင့် မန်တုံမြို့နယ်များကိုလည်း မေလအတွင်း လေကြောင်း တိုက်ခိုက်မှုများ မကြာခဏပြုလုပ်ခဲ့သည်။

စစ်ကောင်စီနှင့် TNLA တို့သည် တရုတ်အစိုးရ၏ ကြားဝင် စီစဉ်မှုဖြင့် ဧပြီလကုန်ပိုင်းက အပစ်ရပ်စဲရေး ဆွေးနွေးခဲ့ရာ စစ်ကောင်စီက TNLA သိမ်းပိုက်ထားသည့် မြို့ရွာများ ပြန်ပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီ၏တောင်းဆိုချက်ကို TNLAက လက်မခံဘဲ ပယ်ချခဲ့ရာ ဆွေးနွေးပွဲ အဖြေမရဘဲ ပြီးဆုံးခဲ့သည်။

ဩဂုတ်လတွင် နှစ်ဖက်ပြန်လည်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း စစ်ကောင်စီက TNLAနယ်မြေကို ထိုးစစ်ဆင်မှုတိုက်ခိုက်မှုများ ဆက်လုပ်​နေခြင်းဖြစ်သည်။

TNLA အနေဖြင့်လည်း ကိုးကန့် MNDAA၊ ရက္ခိုင် AA တို့နှင့်အတူ တဖက်သတ်အပစ်ရပ်စဲကြောင်း ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးခဲ့သော်လည်း စစ်ကောင်စီ၏ ထိုးစစ်၊ စစ်ရေးလှုပ်ရှားမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။