သတင်း အင်းတော်မှာPDFစခန်းအချို့ဆုတ်ခွာရပြီး ကသာမြို့အနီးကစစ်စခန်းတွေကို ပြန်တိုက် တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့နယ်အတွင်းက PDF တွေရဲ့ရှေ့တန်းစခန်းအချို့ကနေ ဆုတ်ခွာထားပေမယ့် ကသာမြို့အနီးက စစ်တပ်စခန်းတွေကို တိုက်ခိုက်မှုအတွင်း စစ်သားအချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန်ရေးတပ်တွေထံကနေသတင်းရရှိပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ဗိုလ်ချုပ်ကြေးရုပ်များကိုအာဇာနည်နေ့မတိုင်ခင်ဖြိုချဖျက်ဆီးပြီး မြေမြုပ်ရန်စစ်တပ်ညွှန်ကြားထားဟုဆို စစ်အုပ်စုက ယတြာချေတာဟုစစ်ကောင်စီဝန်ထမ်းအချို့ပြော ludunwayooဇူလိုင် 5, 2026
သတင်း ကုက္ကိုစုပျူရွာမှာ စစ်တပ်ကတော်လှန်ရေးရဲဘော်၂ ဦးအပါအဝင် ၉ ဦးကိုသတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ကျောက်ဖြူမှာဖမ်းဆီးခံရတဲ့ စက်လှေပိုင်ရှင်နဲ့ ခရီးသည် ၁၃ ဦးကို စစ်တပ်က မတရားအသင်းဆက်သွယ်မှုနဲ့ တရားစွဲ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ပင်လယ်ပြင်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကုန်တင်စက်လှေပိုင်ရှင်အပါအဝင် ခရီးသည် ၁၃ ဦး ကို အာရက္ခတပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး အာဏာသိမ်းစစ်တပ်က မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မအပါအဝင် တရားမဝင်ကုန်ပစ္စည်းသယ်ယူမှုပုဒ်မတို့နဲ့ တရားစွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း အင်းတော်ကြီးနဲ့ ရွှေကူမှာ တိုက်ပွဲ ဆက်လက်ပြင်းထန် ကချင်ပြည်နယ်ရွှေကူဒေသမှာတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးမိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသမှာလည်း ၄ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ဒီပဲယင်းမှာ မူးယစ်ဆေးရောင်းသူ ၃ ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ဟု ပလဖ ထုတ်ပြန် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ရက်ပိုင်းအတွင်း စခန်းငါးခုဆုံးရှုံးခဲ့တဲ့ ရေကြည်ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းတွေထပ်ပို့ အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက စခန်းတွေဆက်တိုက်သိမ်းနေတဲ့ ရေကြည်မြို့နယ်ထဲက စစ်တပ်ရဲ့ရှေ့တန်းနေရာတွေကို ကွင်းကောက်မြို့မှာရှ်ိတဲ့ တန်းမြင့်လေ့ကျင်းရေးကျောင်း တတက(၅)မှ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပို့ဆောင်နေပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ငလျင်ကြောင့်ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင်ကိုထောင်ငါးနှစ်ချ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပျက်စီးပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်သူ NTL ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ်ငါးနှစ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း ရွှေဘိုမြို့ပေါ်မှာသူခိုးတွေသောင်းကျန်းနေ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ညဘက် လျှပ်စစ်မီးပြတ်တောက်ချိန် သူခိုးတွေ သောင်းကျန်းနေပြီး ၃ ရက်ဆက်တိုက် ဖောက်ထွင်းခိုးယူခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဇူလိုင် 5, 2026
သတင်း တွံတေးတူးမြောင်းအတွင်း သင်္ဘော ၂စီးတိုက်မှု လူ ၁ဦး ပျောက်ဆုံးနေ ရန်ကုန်မြို့ တွံတေးမြို့နယ်က တွံတေးတူးမြောင်းအတွင်းဖြစ်ခဲ့တဲ့ သင်္ဘော ၂စီး တိုက်မှုမှာ ရေယာဉ်လုပ်သားတစ်ဦး ပျောက်ဆုံးနေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ludunwayooဇူလိုင် 5, 2026