သတင်း
စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီးကုလားတန်မြစ်ပြင်မှာစစ်တပ်ရဲ့စစ်သင်္ဘောတစီးလက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင် ဒီကနေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး ဒါဟာ အာရက္ခတပ် တော်(AA)က ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို အတည်ပြုပါတယ်။





















































