Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၁)နယ်မြေက ကျေးရွာတွေကို စစ်တပ်က လေယာဉ်၊လက်နက်ကြီးတွေနဲ့ထပ်မံ တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ထဲက အရပ်သား ပြည်သူနေထိုင်ရာရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ် ကြဲချတဲ့ ဗုံးသီးကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

အောက်တိုဘာ ၁၉၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ထဲက အရပ်သား ပြည်သူနေထိုင်ရာရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ KNU တပ်မဟာ(၁)နယ်မြေကို လက်နက်ကြီးပစ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁၅ရက်က ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ဘီးလင်းမြို့နယ် ရှမ်းစုရွာကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လေယာဉ်ကနေ ဗုံးသီး ၂လုံးကြဲချခဲ့ရာ ဗုံးသီး ၁လုံးဟာ ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုက်ခိုက်မှုတွေမှာတော့ အရပ်သားထိခိုက်မှု သေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၁၂ရက်က ငှက်ပျောတောရွာကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်ကတော့မိသားစုလိုက် သေဆုံးမှု ရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတဦး၊သူ့ရဲ့ ဇနီးနဲ့ညီဖြစ်သူတို့ သုံးဦးသေဆုံးကာ အချို့ ဒဏ်ရာရရှိခဲ့တာပါ။

အောက်တိုဘာ ၂ရက်ကလည်း စစ်တပ်ရဲ့ တပ်မ (၄၄) က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး