သတင်း ရေဘေးသင့် ပုလောကို စစ်တပ်လေကြောင်းဗုံးကြဲ ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများခဲ့တဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကဒဲကျေးရွာနဲ့ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ludunwayooအောက်တိုဘာ 24, 2026
သတင်း ကချင် နဲ့ စစ်ကိုင်းအစပ်ရှိ စစ်စခန်း၁ခုကို KIAနဲ့ ပူးပေါင်းတပ် ထပ်မံသိမ်းပိုက် ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်နဲ့ SNAပူးပေါင်းစခန်းနောက်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနိုင်တယ်လို့ တော်လှန်ရေးတပ်တွေကသတိပေးပါတယ်။ ludunwayooအောက်တိုဘာ 24, 2026
သတင်း KIA သိမ်းထားတဲ့ မိုးမောက်မြို့က တံတားကို စစ်တပ် ဗုံးကြဲဖျက်ဆီး ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooအောက်တိုဘာ 24, 2026
သတင်း မင်းတုန်းမြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ အရပ်သားတချို့ ထိခိုက်သေဆုံး မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooအောက်တိုဘာ 24, 2026
သတင်း PDF အမှတ်(၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။ ludunwayooအောက်တိုဘာ 24, 2026
သတင်း ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းကင်းထောက်နေလို့ စာသင်ကျောင်းနဲ့ ဈေးအချို့ အရေးပေါ်ပိတ် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကို စစ်တပ်က လေကြောင်းကနေ ကင်းထောက် နေလို့ စာသင်ကျောင်းအချို့နဲ့ ဈေးအချို့ကို အရေးပေါ်ပိတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။ ludunwayooအောက်တိုဘာ 24, 2026
သတင်း စစ်တွေမြို့ထဲ ဗုံးနှစ်လုံးကျပြီး ပြည်သူ ၉ ဦးထက်မနည်းသေဆုံး၊ဒဏ်ရာရသူတွေလည်းရှိ စစ်တပ်ရဲ့ဒရုန်းနဲ့ Y12 လေယာဉ်ကဗုံးချတာလို့ ဒေသခံတွေပြော ludunwayooအောက်တိုဘာ 24, 2026
သတင်း မြဝတီမှာထိုင်းကုန်တွေသယ်လာတဲ့ကားအစီး ၄၀ ခန့် စစ်တပ်ဖမ်းဆီး ထိုင်း - မြန်မာနယ်စပ်မြ၀တီမြို့၊နဒီလင်းမြိုင်ရွာမှာပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာ ၂၀ ရက်မှာ ထိုင်းကုန်စည်တွေ သယ်ဆောင်လာတဲ့ ကားအစီးရေ ၄၀ နီးပါးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooအောက်တိုဘာ 24, 2026
သတင်း ဗန်းမော်မြို့အနီးဝန်းကျင် စစ်တပ်စစ်ကြောင်းထိုးနေလို့ နေ့စဉ်တိုက်ပွဲဖြစ်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဘ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooအောက်တိုဘာ 24, 2026
နိုင်ငံတကာ အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာလို့ ထိုင်ဝမ်ရဲ့ ပို့ဆောင်ဆက်သွယ်ရေး ကွန်ရက်တွေ ပိတ်ချထား တိုင်ဖွန်းမုန်တိုင်းချမ်ပီ ချဉ်းကပ်လာမှုကြောင့် ထိုင်ဝမ်ကျွန်းကို ဆက်သွယ်ထားတဲ့ ရေကြောင်းနဲ့ လေကြောင်းကွန်ရက် အားလုံးကို ယာယီ ပိတ်ချထားလိုက်ပါတယ်။ ludunwayooအောက်တိုဘာ 24, 2026