သတင်း စစ်တပ်က လူအင်အားရင်းပြီး နယ်မြေ ထိန်းချုပ်ထားမှုတွေဟာ အဆုံးသတ်မဟုတ်၊ပြန်တုံ့ပြန်ဖို့ရှိဟု CNF ပြော အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ludunwayooမေ 28, 2026
သတင်း “အညာက လက်ရေးဖိတ်စာ” အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှု အခြေအနေ ဘယ်လောက်ထိ ရှိနေပြီဆိုတာကို အညာက မင်္ဂလာဆောင်ဖိတ်စာတစ်ခုက ပြသနေပါတယ်။ ludunwayooမေ 28, 2026
သတင်း စစ်တွေ၊ရွှေမင်းဂံရေတပ်စခန်းအနီးတိုက်ပွဲဖြစ်၊ စစ်တွေမြို့ဖောင်တော်ကြီးအနီးရှိ စစ်သေင်္ဘာတစ်စီးကိုAAလက်နက်ကြီးနဲ့ပစ်လို့ထိမှန် စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ ရွှေမင်းဂံရေတပ်စခန်းကိုအာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooမေ 28, 2026
သတင်း စစ်ရှောင်မိသားစုရွာထဲပြန်ဝင်ချိန် မိုင်းမိပြီးမိသားစုလိုက်သေဆုံး စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကံသစ်ကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက် မနက်ပိုင်းက စစ်ရှောင်မိသားစု ရွာကိုပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိပြီး ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။ ludunwayooမေ 28, 2026
သတင်း ကျိုက်ဒုံမြို့ကို စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး ၃ဦး သေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ဒူးပလာယာခရိုင် ကျိုက်ဒုံမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ဦးသေဆုံးကာ မိန်းကလေးငယ် ၁ဦး အပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။ ludunwayooမေ 28, 2026
သတင်း ရေးဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေးဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁၀ ဦးထက်မနည်းထိခိုက် သေဆုံးတယ်လို့ သိရပါတယ်။ ludunwayooမေ 28, 2026
သတင်း စစ်ကိုင်းအထက်ပိုင်း ထိုးစိုက်ဇုန်မှာ ငလျင် ၂ကြိမ်ဆက်လှုပ် စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ် ၂ခုမှာ မေလ ၂၆ရက် ညပိုင်းက နာရီပိုင်းပဲခြားပြီး ရစ်ခ်တာစကေး ၄ ဒဿမ ၅နဲ့ ၄ ဒဿမ ၃အဆင့် ငလျင်လှုပ်ခတ်သွားပါတယ်။ ludunwayooမေ 28, 2026
သတင်း မြစ်ခြေမြို့မဈေးနဲ့ လူနေရပ်ကွက်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooမေ 28, 2026
နိုင်ငံတကာ အမေရိကန် တရားရေး ဝန်ကြီးဌာနကို သမ္မတဟောင်း ဘိုင်ဒန် တရားစွဲ အရင်က အင်တာဗျူး အသံဖိုင်တွေနဲ့ စာသား မှတ်တမ်းတွေ ထုတ်ပြန်လာမှာကို တားဆီးဖို့အတွက် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အမေရိကန် တရားရေး ဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ပါတယ်။ ludunwayooမေ 28, 2026
နိုင်ငံတကာ ရုရှားဟာ ဥရောပမှာ တည်ငြိမ်မှု ပျက်ပြားအောင် ကြံစည်နေတယ်လို့ ဥရောပ ကော်မရှင် အကြီးအကဲ စွပ်စွဲ ဥရောပရဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ အကြောက်တရား စိမ့်ဝင် ကြီးစိုးလာအောင်၊ တည်ငြိမ်မှုတွေ ပျက်ပြားလာအောင် ရုရှားက ရည်ရွယ်ချက်ရှိရှိ ကြံစည် လုပ်ဆောင်နေတယ်လို့ ဥရောပ ကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလီယန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။ ludunwayooမေ 28, 2026