သြဂုတ်- ၇ ၊၂၀၂၆ /People’s Spring
ရန်ကုန်မြို့မှာရှိတဲ့ ဆွီဒင်သံရုံးရဲ့ ရန်ကုန်ရုံးခွဲကို ဒီနေ့ (သြဂုတ်လ ၇ ရက်) ကစတင်ပြီး အပြီးပိတ်သိိမ်းတော့မယ်လို့ ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲဖေ့ဘွတ်ခ်မှာ ကြေညာလာပါတယ်။
ဒီနေ့ကစတင်ပြီးမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဆွီဒင်နိုင်ငံဆိုင်ရာသံရုံးဝန် ဆောင်မှုကိစ္စတွေအတွက် ဘန်ကောက်မှာရှိတဲ့ ဆွီဒင်သံရုံးက တာဝန်ယူဆောင်ရွက်ပေးတော့မှာဖြစ်တယ်လို့ ကြေညာချက်မှာအသိပေးထားပါတယ်။

တဆက်တည်းမှာပဲ ဆွီဒင်သံရုံးရန်ကုန်ရုံးခွဲ ရဲ့ ဖေ့ဘွတ်ခ်အကောင့်ခ်ကိုပါ ပိတ်သိမ်းမယ်လို့ ဆိုထားပါတယ်။

Public Service Announcement
ဒါဟာမြန်မာနိုင်ငံမှာစစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီး အာဏာ သိမ်းစစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုလျော့ချတဲ့အနေနဲ့ ဉရောပနိုင်ငံ အချို့ဟာ မြန်မာနိုင်ငံမှာသံရုံးပိတ်ပင်တာတွေရှိလာတာပါ။
အခုနှစ်ဖေဖော်ဝါရီ ၂၈ ရက်မှာရန်ကုန်မြို့ကဖင်လန်သံရုံး ပိတ်ခဲ့ပါတယ်။ အလားတူပါပဲဒိန်းမတ်သံရုံးကလည်းအခုနှစ်နှစ်ကုန်ပိုင်းမှာပိတ်သိမ်းမယ်ဆိုတာကိုဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။


















































