Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်း စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဩဂုတ် ၇ ရက် မနက်ပိုင်းတုန်းက နွန်သာဘူရီရဲ့ ဘန်ခရူရိုင် ခရိုင်ထဲမှာရှိတဲ့ ဒက်ဘ်ဆီရင် နွန်သာဘူရီ စာသင်ကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

သေနတ်သမားဟာ Grade 8 ကျောင်းသား တစ်ဦးဖြစ်ပြီး ကျောင်းအဆောက်အအုံထဲမှာ ပုန်းအောင်းနေတာကြောင့် ရဲတွေက အဲဒီနေရာကို ပိတ်ဆို့ပြီး ရှာဖွေခဲ့ရပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ယူဆရပြီး ကျောင်းရဲ့ သင်ကြားရေး ဝန်ထမ်း ၂ ဦး လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေက ဆရာလား၊ ဆရာမလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – facebook/radiotrafficpolicechiangmai

သေနတ်သမား ကျောင်းသားရဲ့ သေနတ်ဒဏ်ရာနဲ့ အလောင်းကိုတော့ သူ့ကိုယ်သူ ပိတ်ဆို့ထားတဲ့ အခန်းထဲမှာပဲ ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ ပစ်ခတ်မှုမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ပစ္စတို သေနတ်ရဲ့ ဓာတ်ပုံကလည်း လူမှုကွန်ရက်တွေပေါ် ထွက်ပေါ်လာပါတယ်။

ဒဏ်ရာရသူ ၁၅ ဦးထဲမှာလည်း အနည်းဆုံး ၁ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှု ကျူးလွန်ရတဲ့ အကြောင်းရင်းကိုလည်း လောလောဆယ်မှာတော့ ရဲတွေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ လူသိများတဲ့ အလယ်တန်းကျောင်းဖက်ကနေ သေနတ်သံတွေ ကြားခဲ့ရကြောင်း ပြောပါတယ်။

စာသင်ကျောင်း ပစ်ခတ်မှု သတင်းကြောင့် ရဲတွေက အဆောတလျင် သွားရောက်ပြီး ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။