Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် ခရီးစဉ်ကို ထိုင်းတက္ကသိုလ် သုံးခုက ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့အစည်း ၁၉ ခု ကကန့်ကွက်

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

မင်း​အောင်လှိုင်ခရီးစဥ်ကို မကြိုဆိုဘဲကန့်ကွက်​ကြောင်း ထိုင်းအရပ်ဘက်အဖွဲ့အစည်း​တွေက သြဂုတ် ၆ ရက်ကဆန္ဒပြ​နေကြစဥ်။

သြဂုတ်-၇၊၂၀၂၆။People’s Spring

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ဩဂုတ် ၇ ရက် နေ့စွဲနဲ့ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်မှာတော့ သာမာဆတ် တက္ကသိုလ်၊ ချူလာလောင်ကွန်း တက္ကသိုလ်၊ ကာဆက်ဆာ့ တက္ကသိုလ်တွေရဲ့ ကျောင်းသား သမဂ္ဂတွေနဲ့ ကျောင်းသား အဖွဲ့အစည်း စုစုပေါင်း ၁၉ ခုက မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ဆုံးဖြတ်ချက်ကိုကန့်ကွက်ကြောင်း ဖော်ပြထားခဲ့ပါတယ်။

မင်းအောင်လှိုင်ဟာ၂၀၂၁ ခုနှစ်တုန်းကမြန်မာ့ ဒီမိုကရေစီ အစိုးရကို အဓမ္မ ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အကျပ်အတည်း အားလုံးရဲ့ အဓိကတာဝန်ရှိသူဟာမင်းအောင်လှိုင် ဖြစ်ကြောင်း၊ သူအာဏာသိမ်းလို့ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြောင့် မြန်မာကျောင်းသားအများအပြားရဲ့ပညာသင်ခွင့်တွေ ဆုံးရှုံးခဲ့ကြောင်း၊ အဲဒီလို လုပ်ရပ်တွေ ဖန်တီးခဲ့သူ တစ်ဦးကို ထိုင်းအစိုးရက တရားဝင်လက်ခံကြိုဆိုတာဟာမြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို ဖျက်ဆီးပစ်ဖို့ အားပေး ထောက်ခံတဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ဟာ အာဏာဆက်လက် တည်မြဲနိုင်ဖို့အတွက်နှစ်ပေါင်းများစွာအကြမ်းဖက်မှုတွေကို လက်ကိုင်ပြုခဲ့သလို လူ့အခွင့်အရေး ချိုးဖောက်တာ၊ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာတွေ ကျူးလွန်ခဲ့တဲ့အတွက် မြန်မာပြည်သူ အများအပြားလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ထိုင်းတက္ကသိုလ်တွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ထောက်ပြခဲ့ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ စစ်မှန်မှု အပေါ်မှာလည်း စိုးရိမ်စရာတွေ အများကြီး ရှိနေကြောင်း၊ စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ပြည်တွင်း အကျပ်အတည်းတွေကိုသာ မကဘဲ နယ်စပ်ဖြတ်ကျော်ပြီး ဒေသတွင်းထိ ကျယ်ပြန့်တဲ့ ပြဿနာတွေကို ဖန်တီးခဲ့ကြောင်း၊ ဒုက္ခသည်နဲ့ နယ်စပ် မတည်ငြိမ်မှု အကျပ်အတည်းတွေအပြင် နမ့်ခုတ်မြစ်လို နှစ်နိုင်ငံ ဖြတ်သန်းစီးဆင်းတဲ့ မြစ်ရေတွေက ညစ်နွမ်းတာ အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေထိ မီးခိုးကြွက်လျှောက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိခဲ့ပါတယ်။

ဒီလိုအခြေအနေတွေရှိနေလျက်နဲ့ မင်းအောင်လှိုင်လို လူစားကို ထိုင်းအစိုးရက တရားဝင် လက်ခံတွေ့ဆုံတာ၊ ဒါမှမဟုတ် နိုင်ငံတကာ အသိုက်အဝန်းက စိုးရိမ်နေသလိုမျိုး တရားဝင်မှုရအောင် ကူညီပြီး သံတမန် ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်နေတာတွေဟာ နှစ်နိုင်ငံလုံးအတွက် လိုအပ်တဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်မှာ မဟုတ်သလို ပြဿနာတွေ အတွက်လည်း အဓိပ္ပါယ် ပြည့်ဝတဲ့ ဖြေရှင်းမှု မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ထိုင်းအစိုးရရဲ့ လုပ်ရပ်ဟာပြည်တွင်းနဲ့ နိုင်ငံတကာအကျပ်အတည်းတွေရဲ့အရင်းအမြစ်ဖြစ်တဲ့မြန်မာစစ်တပ် အုပ်စိုးမှုကို တရားဝင်မှုရအောင် ပိုမို အားပေးတဲ့ အဓိပ္ပါယ် ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရေတိုအကျိုးစီးပွား၊ဒါမှမဟုတ်နိုင်ငံရေး အကျိုးစီးပွားကိုပဲ ဦးစားပေးပြီး လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုတဲ့ နိုင်ငံခြားရေးမူဝါဒဟာ ရေရှည်ငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့လမ်းကြောင်း မဟုတ်ဘူးလို့ တက္ကသိုလ် ကျောင်းသားတွေက ထောက်ပြထားပါတယ်။

ဒါကြောင့်လည်း မင်းအောင်လှိုင်နဲ့ အာဏာသိမ်းမြန်မာစစ်တပ်အတွက်အားပေးထောက်ခံမှု၊ တရားဝင် အသိအမှတ်ပြုမှုမျိုး ဖြစ်ပေါ်စေမယ့်လုပ်ရပ်အားလုံးကနေရှောင်ရှားဖို့ထိုင်းအစိုးရနဲ့ ဝန်ကြီးချုပ်ကိုကျောင်းသားသမဂ္ဂတွေ၊ ကျောင်းသား အဖွဲ့အစည်းတွေ အနေနဲ့ တိုက်တွန်းလိုကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံမယ့်အစား ထိုင်းအစိုးရဟာ မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်လာစေရေး၊ နှစ်နိုင်ငံ ပြည်သူတွေ အားလုံး အကျိုးရှိမယ့် ရေရှည်ငြိမ်းချမ်းရေး ရရှိလာစေရေးအတွက်အားထည့်ဆောင်ရွက်သင့်ကြောင်းလည်းတက္ကသိုလ် ကျောင်းသားတွေက တိုက်တွန်းထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင် အလည်အပတ် ခရီးစဉ်အတွက် ဖိတ်ကြားခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရမှုတွေကို ထိုင်းအစိုးရကကာကွယ် ပြောကြားခဲ့ပါတယ်။