Connect with us

Hi, what are you looking for?

သတင်း

ခုခံစစ်ကနေ ထိုးစစ်ပြောင်းမယ့်လုပ်ငန်းစဉ်တွေ PDF တပ်မှူးကြီးတွေ အစည်းအဝေးမှာ ချမှတ်

PDF တပ်မှူးကြီးများ အစည်းအဝေးမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - PDF

ဩဂုတ်-၇၊၂၀၂၆။ရဲ​ခေါင်/ People’s Spring

PDF တပ်မှူးကြီးများ အစည်းအဝေးမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အခုဩဂုတ် ၃ ရက်ကနေ ၆ ရက်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများ အစည်းအဝေးကို လေးရက်ကြာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးချုပ်၊ ဒုတိယ စစ်ဦးစီးချုပ်နဲ့ စစ်ဦးစီးအရာရှိချုပ်တို့က လမ်းညွှန်အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာ‌တွေ လမ်းညွှန်ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားကာကွယ်ရေးမဟာဗျူဟာနဲ့အညီ တပ်မှူးကြီးများ အစည်းအဝေးက အတည်ပြုခဲတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တိုင်းစစ်ဌာန (၁၀)ခု၊ တပ်မ (၁) ခုနဲ့ စစ်ရုံးချုပ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဌာနများ၊ စစ်ဆင်ရေးရုံးများ၊ စစ်ဥပဒေရုံး နဲ့ ပကဖ စစ်ဘက်ရေးရာအရာရှိချုပ်ရုံး အသီးသီးက စာတမ်းများ တင်သွင်းပြီး အပြန်အလှန်ဆွေးနွေးတာ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တွေရဲ့ လမ်းညွှန်ချက်ရယူတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရှေ့လုပ်ငန်းစဉ်များချမှတ်ရာမှာ ညီညွတ်ရေးမူ (၃)ရပ်နဲ့အညီ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ စစ်မဟာ ဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး နဲ့ စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်ရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနဲ့ လက်တွဲပြီး “ပြည်သူ့ခုခံတွန်းလှန်စစ်”ကနေ “မဟာဗျူဟာထိုးစစ်”ကိုတက်လှမ်းနိုင်‌ရေး ဦးတည်ပြင်ဆင်ဆောင်ရွက်သွားကြဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

အစည်းအဝေး၄ရက်မြောက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ဦးဆောင်ပြီး ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ (လုံ/ကာ) အဖွဲ့ဝင်တွေ တက်ရောက်ကြပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်မှူးကြီးတွေက စစ်ဓလေ့ထုံးတမ်းနဲ့အညီ အလေးပြုကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရှေ့လုပ်ငန်းစဥ်တွေ တင်ပြကာ နိုင်ငံရေးဦးဆောင်မှု နဲ့ လမ်းညွှန်မှုတွေကို ခံယူခဲ့တယ်လို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က တင့်ကားတွေပါ အသုံးပြုနေပြီး ကြည်းနဲ့လေ ပူးပေါင်းထိုစစ်ဆင်နေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနတိုင်း တာ၀န်ခံဗိုလ်လကျာ်က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့ကို စစ်တပ်က လူလှိုင်းသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ ကရင်နီအခြေစိုက်တော်လှန်ရေးတပ်တာ၀န်ရှိသူတချို့က ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်တပ်က ဆုံးရှုံးထားတဲ့မြို့အချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးဦးမော့လာချိန်မှာ မြန်မာနိုင်ငံတောင်ဘက်အစွန်ဆုံး တနင်္သာရီတိုင်းမှာတော့ တော်လှန်ရေးတပ်တွေက စစ်တပ်စခန်းတွေကို မတ်လ ဒုတိယအပါတ်မှာ ဆက်တိုက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ် ။