သတင်း နှစ်သစ်မှာ တီးတိန်မြို့သိမ်းနိုင်ရေးဆက်ကြိုးစားနေဟု ချင်းညီနောင် ပြော ၂၀၂၅အတွင်းမှာ ချင်းပြည်နယ်၊ တီးတိန်မြို့ကို သိမ်းပိုက်မယ်လို့ ချင်းညီနောင်က ကြွေးကြော်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အပေါ် ပြည်သူတဦးချင်းစီကို ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက တောင်းပန်လိုက်ပြီး နှစ်သစ်မှာ တီးတိန်မြို့သိမ်းနိုင်ဖို့ ဆက်လက်ကြိုးစားနေကြောင်း ပြောပါတယ်။ ludunwayooဇန်နဝါရီ 4, 2026
သတင်း ပေါက်ခေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်ယာဉ် တိုက်ခိုက်ခံရ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်း ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဥ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ PDFတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ ludunwayooဇန်နဝါရီ 4, 2026
သတင်း ကန့်ဘလူမြို့နယ်ကို စစ်တပ်လေကြောင်းဗုံးကြဲ၊ မိသားစုလိုက် ၃ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မဲသည်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ မိသားစုဝင် ၃ဦး သေဆုံးကာ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooဇန်နဝါရီ 4, 2026
နိုင်ငံတကာ Teslaကို ကျော်တက်ပြီး ၂၀၂၅ ရဲ့ လျှပ်စစ်ကား ရောင်းအားအကောင်းဆုံး ကုမ္ပဏီ ဖြစ်လာခဲ့တဲ့ BYD လျှပ်စစ်ကား (EV)တွေ ထုတ်လုပ်ရောင်းချမှု စျေးကွက်ကို တရုတ် မော်တော်ယာဉ် လုပ်ငန်းစုကြီး BYDက ဦးဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ ludunwayooဇန်နဝါရီ 4, 2026
နိုင်ငံတကာ ရှန်ပိန်ပုလင်းတွေမှာ အလှဆင်ထားတဲ့ မီးရှူးမီးပန်းတွေကြောင့် လူ ၄၀ သေဆုံးတဲ့ ဆွစ်ဇာလန် မီးလောင်မှု ဖြစ်ပွားခဲ့ ဆွစ်ဇာလန် နိုင်ငံမှာ လူ ၄၀ သေဆုံးခဲ့တဲ့ အရက်ဘား မီးလောင်မှုဟာ ရှန်ပိန်ပုလင်းတွေမှာ အလှဆင်ထားတဲ့ မီးရှူးမီးပန်းတွေကနေ စတင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 4, 2026
နိုင်ငံတကာ Googleရဲ့ AIက ကျန်းမာရေးဆိုင်ရာ မှားယွင်း အကြံပြုချက်တွေ ထုတ်ပေးခဲ့ Googleရဲ့ ဉာဏ်ရည်တု (AI) နည်းပညာက ထောက်ပံ့ပေးတဲ့ ကျန်းမာရေးဆိုင်ရာ အနှစ်ချုပ် အကြံပြုချက်တွေဟာ မှားယွင်းတဲ့ လမ်းကြောင်းတွေဆီ ဦးတည်သွားနိုင်ကြောင်း သိရပါတယ်။ ludunwayooဇန်နဝါရီ 3, 2026
သတင်း KNUတပ်မဟာ(၄)နယ်မြေမှာ စစ်တပ် ရွေးကောက်ပွဲ ဆန္ဒပြ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ ludunwayooဇန်နဝါရီ 3, 2026
သတင်း ဆင်ပေါင်ဝဲမြို့နယ်မှာ ကင်းလှည့်နေတဲ့စစ်အုပ်စုတိုက်ခိုက်ခံရ မကွေးတိုင်း၊သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေနတ် နှစ်လက်ရတယ်လို့ သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ထုတ်ပြန်ပါတယ်။ ludunwayooဇန်နဝါရီ 3, 2026
သတင်း မုံရွာမှာ ပြည်သူတွေရေချိုးနေချိန် စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 3, 2026
နိုင်ငံတကာ မက္ကဆီကိုမှာ မဂ္ဂနီကျု ၆.၅ အဆင့် ငလျင်လှုပ်၊ ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ် ပြင်းအား မဂ္ဂနီကျု ၆.၅ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်မှုကြောင့် မက္ကဆီကို အလယ်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ ludunwayooဇန်နဝါရီ 3, 2026