Connect with us

Hi, what are you looking for?

သတင်း

စလင်းကို စစ်​ကြောင်းထိုးတဲ့စစ်တပ်စစ်​ကြောင်း တိုက်ခိုက်ခံရ

သေဆုံးဒဏ်ရာရ စစ်အုပ်စုကို ဧရာဝတီမြစ်ဖြတ်ပြီး လာသယ်တဲ့​ ရေယာဥ် ထပ်မံတိုက်ခိုက်ခံရ

သေဆုံးဒဏ်ရာရ စစ်အုပ်စုကို ဧရာဝတီမြစ်ဖြတ်ပြီး လာသယ်တဲ့​ ရေယာဥ် ထပ်မံတိုက်ခိုက်ခံရ

ဇွန် -၂၆၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊စလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ ဒေါင်းစစ်အောင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၄ ရက်က စပြီး စလင်းမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ မိုးဝန်း၊ သရက်ချဉ်ဂိတ်၊ ကျွဲကျောင်းရွာ​တွေကပြည်သူ့စစ် စုစု​ပေါင်းအင်အား ၁၂၀ ပါတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာစစ်အုပ်စုဘက်က ခြောက်ဦး သေဆုံးခဲ့ပြီး ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ပြည်သူ့နေအိမ်တွေက ခိုးယူသွားတဲ့ပစ္စည်းတွေကိုချန်ထားခဲ့ပြီး ထွက်ပြေးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

“တညောင်ကိုရောက်နေတဲ့ဆိပ်ဖြူစစ်ကြောင်းနဲ့ ဆင်ဖြူကျွန်းနားက ပစ(ပြည်သူ့စစ်နဲ့ စစ်တပ်)က ပူးပေါင်းမယ့်အုပ်စု တိုက်ခံရတာပါ။ဆင်ဖြူကျွန်း-တညောင်လမ်းကို အပြည့်အ၀ ထိန်းချင်တာနဲ့ တညောင်ဓာတ်အားခွဲရုံ ကို ပြန်ပင်ရမှာရှိတယ်”လို့ စလင်းမြို့နယ် ဒေသခံတဦးက တိုက်ပွဲ အခြေအနေကို ပြောပါတယ်။

စစ်တပ်စစ်ကြောင်းကိုစလင်းမြို့နယ် ပကဖ နဲ့ မကွေးခရိုင် ပကဖ တပ်ခွဲများ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စလင်းမြို့နယ် တညောင်တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့စစ်သားနဲ့ပျူ​စောထီးတွေကို သယ်ဖို့ ဇွန် ၂၃ ရက် ညနေ ပိုင်းကလည်း စလေမြို့အခြေစိုက် အမှတ် ၄၁၆ ခြေမြန်တပ်ရင်း(ခမရ ၄၁၆)က တပ်သားတွေဟာ ဧရာ၀တီမြစ်ကို ရေယာဉ်နှစ်စီး နဲ့ ဖြတ်ကူးစဉ် ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။

စလင်းမြို့နယ်အထက်ပိုင်းက တညောင်ဒေသဟာ ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံတွေ ဖြစ်တဲ့ကပစ ( ၂၁ နဲ့ ၂၅) အပါအ၀င် အမှတ် (၉) လေ ကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာန ချုပ်

(လစခ) တွေကို အဓိက ဓာတ်အားပေးတဲ့ဓာတ်အားခွဲရုံ ရှိပါတယ်။

လက်ရှိမှာ စစ်တပ်စစ်ကြောင်းက တညောင်ဒေသ အနီးက မကြီးစင် ကျေးရွာတဝိုက် တပ်စွဲထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းနဲ့ စလင်းမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ရွာ ကို စစ်တပ်က မီးရှို့ခဲ့ပြီး အသတ်ခံရတဲ့ ဒေသခံပြည်သူ ၃ဦးထက်မနည်းရှိတယ်လို့ စလင်း ပအဖ က ထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။

ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေကဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။

ရုပ်သံ-​ဒေါင်းစစ်​အောင် LPDF

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသ တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးသူတွေကို လာသယ်တဲ့ စစ်ကူရေယာဉ် ၂စီး ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရေကြည်မြို့နယ်ထဲက ရှေ့တန်းစခန်းတစ်ခုကို AAနဲ့ ပူးပေါင်းတပ်တွေထပ်သိမ်း

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။