Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလား ငလျင်တွေကြောင့် သေဆုံးသူ ၂၃၅ ဦးထိ တိုးလာ၊ ကယ်ဆယ်ရေးတွေ အပူတပြင်း ဆက်လက်လုပ်ဆောင်နေ

ဗင်နီဇွဲလားမှာ အတွဲလိုက် လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး နှစ်ခုအပြီး သေဆုံးသူ အရေအတွက်ဟာ ၂၃၅ ဦးထက်မနည်း ရှိလာသလို ကယ်ဆယ်ရေးတွေကလည်း ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - Getty Images

ဗင်နီဇွဲလားမှာ အတွဲလိုက် လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး နှစ်ခုအပြီး သေဆုံးသူ အရေအတွက်ဟာ ၂၃၅ ဦးထက်မနည်း ရှိလာသလို ကယ်ဆယ်ရေးတွေကလည်း ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဇွန်လ ၂၄ ရက် ညနေပိုင်းက ဗင်နီဇွဲလား မြောက်ပိုင်း ကမ်းရိုးတန်းနားကို ဗဟိုပြုပြီး မဂ္ဂနီကျု ၇.၂ နဲ့ ၇.၅ ငလျင်တွေ စက္ကန့်ပိုင်းခြားပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဗဟိုချက်တွေနဲ့ ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးတဲ့ မြို့တော် ကရာဆက် အပါအဝင် ကျယ်ပြန့်တဲ့ ဒေသတွေမှာ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဇွန်လ ၂၆ ရက် မနက်ပိုင်းထိ အခြေအနေအရ ငလျင်တွေကြောင့် သေဆုံးသူ ၂၃၅ ဦးထိ ရှိလာပြီး ဒဏ်ရာရသူ ၁၅၀၀ ကျော်ထိ များပြားလာကြောင်း သိရပါတယ်။ အဲဒီ ကိန်းဂဏန်းတွေဟာ လာမယ့် ရက်ပိုင်းတွေမှာ ဆက်လက် မြင့်တက်လာဦးမယ်လို့ ယုံကြည်ရပါတယ်။

ငလျင်တွေကြောင့် အဆောက်အအုံတွေဟာ လုံးဝဥဿုံ ပြိုကျကုန်ပြီး အပျက်အစီးပုံအောက် အသက်ရှင်လျက် ပိတ်မိနေသူတွေ ရှိနေဦးမယ်လို့ ကယ်ဆယ်ရေးတွေက ယူဆကြပါတယ်။ တစ်ဖက်မှာလည်း အသေအပျောက် ဦးရေဟာ သောင်းဂဏန်းကနေ ကံဆိုးရင် သိန်းဂဏန်းထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်နှစ်ခုစလုံးက မြေတိမ်ငလျင်တွေ ဖြစ်တာကြောင့် မြေမျက်နှာပြင်ပေါ်ကို ဖျက်ဆီးအား သက်ရောက်မှုတွေလည်း ပိုပြီး ကြမ်းတမ်းပါတယ်။ ပထမ ငလျင်ဟာ မြေအနက် ကီလိုမီတာ ၂၀ လောက်ဆီ ဦးတည်ခဲ့ပြီး ပိုအားပြင်းတဲ့ ဒုတိယ ငလျင်ကတော့ မြေအရမ်းတိမ်တဲ့ ၁၀ ကီလိုမီတာ အနက်လောက်ကို ဗဟိုပြုသွားခဲ့တာပါ။

ဗင်နီဇွဲလား ယာယီ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ်က တစ်နိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ငလျင်ဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ မြောက်ပိုင်း ဒေသတွေကိုတော့ သဘာဝကပ်ဘေးသင့် ဧရိယာတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

လောလောဆယ်မှာတော့ နိုင်ငံတချို့က ဗင်နီဇွဲလားဆီ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့မယ်လို့ ကတိပြုထားပြီး အမေရိကန် အစိုးရကလည်း ဒေါ်လာ သန်း ၁၅၀ ပံ့ပိုးမယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန် စစ်တပ်ကလည်း ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းတွေမှာ ကူညီဖို့ သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေ၊ လေယာဉ်တွေ စေလွှတ်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကနဦး ရရှိထားတဲ့ စာရင်းတွေအရ ငလျင်ကြောင့် အိမ်ခြေအဆောက်အအုံ ၂၅၀ ကျော် ထိခိုက် ပျက်စီးခဲ့ပြီး လုံးဝဥဿုံ ပြိုကျသွားတာတွေလည်း ပါဝင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ငလျင်နှစ်ခုရဲ့ဒဏ်ကြောင့် လူတွေ ဆက်ပြီး နေထိုင်ဖို့ မသင့်တော်တော့တဲ့ အဆောက်အအုံတွေလည်း အများအပြား ရှိဦးမယ်လို့ ယူဆရပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်နှစ်ခုကြောင့် ဖြစ်ပွားတဲ့ ထိခိုက်ပျက်စီးမှုတွေဟာ အတိုင်းအတာ ကျယ်ပြန့်လွန်းတာကြောင့် လူ ၁၀၀၀၀ ကျော် သေဆုံးဖို့ ၄၂ ရာခိုင်နှုန်း၊ ၁၀၀၀၀၀ ကျော်ထိ သေဆုံးဖို့ ၃၃ ရာခိုင်နှုန်းထိ အလားအလာ ရှိနေကြောင်း မှတ်ချက်ပေးထားပါတယ်။

ဗင်နီဇွဲလားဟာ တောင်အမေရိကနဲ့ ကာရေဘီယန် မြေအောက် ကျောက်လွှာတွေ စုဆုံတဲ့ နေရာပေါ်မှာ တည်ရှိပြီး သမိုင်းကြောင်းတလျှောက် အားကောင်းတဲ့ ငလျင်တွေ လှုပ်ခတ်တာကို ကြုံရဖူးပါတယ်။ အခု ငလျင်နှစ်ခု လှုပ်ခတ်တဲ့ နေရာတဝိုက်မှာပဲ ၁၈၁၂ တုန်းက မဂ္ဂနီကျု ၇.၇ ငလျင်ကြီးတစ်ခု လှုပ်ခဲ့ဖူးပြီး သေဆုံးသူ ၂၀၀၀၀ ဝန်းကျင်လောက်ထိ များပြားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗင်နီဇွဲလားမှာ အင်အားပြင်း ငလျင်ကြီး နှစ်ခုဆက်တိုက် လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၂ ဦးထက်မနည်း ရှိလာပြီး နောက်ထပ်လည်း အများအပြား တိုးလာမှာကို စိုးရိမ်နေရပါတယ်။

နိုင်ငံတကာ

အင်အားပြင်းထန်လှတဲ့ ငလျင်ကြီးနှစ်ခု အတွဲလိုက် လှုပ်ခတ်သွားတဲ့နောက် ဗင်နီဇွဲလား နိုင်ငံမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။