Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ရှိ ဘကကျောင်းကိုစစ်တပ်ပိတ်သိမ်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက ကျောင်း)ကို အာဏာသိမ်းစစ်တပ်က ပိတ်သိမ်းလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျောင်းပိတ်လိုက်ကြောင်း ကြေညာချက်အား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

ဇွန် -၂၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက ကျောင်း)ကို အာဏာသိမ်းစစ်တပ်က ပိတ်သိမ်းလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို အာဏာသိမ်းစစ်တပ်ရဲ့အမိန့်အရ ရပ်ဆိုင်းလိုက်ကြောင်း အဆိုပါကျောင်းတိုက်အဝင်မှာ ဇွန်လ ၂၄ ရက်က သင်ပုန်းနဲ့ထောင်ပြီး ရေးသား အသိပေးထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒုတိယတန်းကနေ အဋ္ဌမတန်းအထိ ကျောင်းပြောင်းလက်မှတ်တွေ၊ ထောက်ခံစာတွေ အမြန်လုပ်ပေးမယ်လို့လည်း မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မဟာကန်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း

“အခုက ကလေးတွေက ကျောင်းအကုန်အပ်ပြီးနေကြပြီ။ အခြေတကျဖြစ်နေပြီဆိုမှ ခုလိုထဖြစ်တော့ အကုန်လုံး အလုပ်တွေရှုပ်ကုန်တယ်။”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ၎င်းတို့ဖွင့်လှစ်တဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားလူဦးရေးတိုးအောင် ပိတ်ခိုင်းတာဖြစ်နိုင်ကြောင်း၊ ဒ့ပေမယ့် မုံရွာမြို့ပေါ်က ကျောင်းတွေမှာ ကျောင်းသားဦးရေများပြားနေပြီး စာသင်ခန်းနဲ့ မမျှမတဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဘာကြောင့်ပိတ်ခိုင်းရတယ်ဆိုတာ မသိရသေးပေမဲ့ ကျောင်းပိတ်လိုက်တဲ့အကြောင်း ကြေညာထားတဲ့ သင်ပုန်းကိုတော့ ကျောင်းဘက်ကနေ ပြန်လည်သိမ်းဆည်းသွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေပြန်လည်များပြားလာအောင် ကြိုးစားနေပြီး ဒီနှစ်မှာ အသက်အရွယ်နဲ့ ရှိရမယ့်အတန်းကို သက်မှတ်လိုက်ပြီး ဝင်ခွင့်စာမေးပွဲတွေပါ ဖြေဆိုခိုင်းနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။