Hi, what are you looking for?
ပရိးမီးယားလိဂ်အပါအဝင် ဘောလုံးပွဲတွေမှာပဲဖြစ်ဖြစ် ၊မြန်မာ့ကျေးလက်နဲ့ မြို့ရွာတွေမှာ ဝှီးချဲနွှဲနေကြတဲ့ ကြက်တိုက်ပွဲတွေမှာပဲဖြစ်ဖြစ် အိမ်ကွင်း၊အဝေးကွင်းအားသာချက်၊အားနည်းချက်ဆိုတာအရေးကြီးပါတယ် ။အိမ်ကွင်း၊အဝေးကွင်း အားသာချက်အားနည်းချက်တွေကြောင့်မထင်မှတ်တဲ့ အနိုင်အရှုံးရလဒ်တွေထွက်တတ်ပါတယ်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နဲ့ ချင်းညီနောင် (CB) မဟာမိတ်အဖွဲ့ ခေါင်းဆောင် တွေ တွေ့ဆုံပြီး စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်တွေကို ပူးပေါင်းကာကွယ်တန်ပြန်ဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်ပြီး ချင်း၊ ရက္ခိုင် လူမျိုးစုနှစ်ခုလုံးအကျိုးပြုမယ့် သဘောထားတွေ သိမြင်ရတဲ့အပေါ် ဝမ်းသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တွေဟာ ရာဇဝတ်လုပ်ငန်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ ပြန်လည်လုပ်ကိုင်ခဲ့တဲ့အတွက် လက်ရှိအကျပ်အတည်းတွေရဲ့ အဓိကတရားခံဟာ စစ်တပ်သာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
တနိုင်ငံလုံးက ပြည်သူလူထုတွေကို အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲမှာပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ သမိုင်းတရားခံ အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပြီး လူထုရဲ့ အရေးယူမှုလည်း ခံရမှာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) နိုင်ငံရေးနဲ့ စစ်ရေးဦးဆောင်ကော်မတီဝင် နိုင်ဗညားမွန်က သတိပေး ပြောကြားပါတယ်။