Connect with us

Hi, what are you looking for?

သတင်း

မြို့သာစက်မှုဇုန်က စစ်သားတွေ ဘီယာဆိုင်ကအပြန် တိုက်ခိုက်ခံရပြီး ၄ဦး သေဆုံး၊ တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ကျဆုံး

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

(နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - နဂါးနီ ပြောက်ကျား တပ်ဖွဲ့ -မြင်းခြံ)

ဇွန်-၁၊၂၀၂၆၊ရှိန်း/People’s Spring

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

မေလ ၃၁ရက် နေ့လည် ၁နာရီခန့်မှာ မြို့သာ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား တွေဟာ အိမ်စီးကားနဲ့ ဘီယာသွားသောက်နေရာနောက်ထပ် Light Truck ကားတစ်စီး ရောက်လာကာ ကားချင်းချိန်းပြီး မူးနေတဲ့ စစ်သားတွေ ပြန်တဲ့အချိန် မြင်းခြံတိုက်နယ်(၃) နဂါးနီ ပြောက်ကျားတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုမှာ စစ်သား ၄ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ကိုယ့်ဘက်က အရင်အသာစီးရတာ ပေါ့နော်။သူတို့ဘက်ကလည်း ပြန်ပြီးပစ်တဲ့အချိန်မှာ ကျွန် တော်တို့ ရဲဘော်တ‌စ်ယောက်ထိသွားတယ်။ဖြစ်ပြီး စက်မှုဇုန်ဘက်ကနေ အင်အား၃၀ လောက် စစ်ကူလာပြီးတော့မှ ကားနဲ့ အလောင်း တွေနဲ့ဒဏ်ရာရတွေကို မြို့သာဆေးရုံကို ခေါ်သွားတယ်”လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်တလောမှာ စစ်တပ်က ငါန်းဇွန်မြို့နယ်ကို စစ်ကြောင်းထိုး လူသတ်မှုတွေပြုလုပ်နေပြီး မေလ၂၇ ရက်က ဒရုန်းနဲ့ဗုံးကြဲခံရမှုကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

Facebook