Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ မက်ဆီရဲ့ ပေ ၇၀ မြင့်တဲ့ ပုံတူရုပ်တုကြီးကို ဖယ်ရှား

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီကို ဂုဏ်ပြုထားတဲ့ ပုံတူ ရုပ်တုကြီးကို လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် အိန္ဒိယ အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။

ဓာတ်ပုံ - AFP

ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီကို ဂုဏ်ပြုထားတဲ့ ပုံတူ ရုပ်တုကြီးကို လုံခြုံရေး စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် အိန္ဒိယ အာဏာပိုင်တွေက ဖယ်ရှားခဲ့ပါတယ်။

ပေ ၇၀ မြင့်တဲ့ ရုပ်တုကြီးကို အနောက်ဘင်္ဂလား ပြည်နယ်ရဲ့ မြို့တော် ကိုလ်ကတ္တားမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စိုက်ထူထားခဲ့တာ ဖြစ်ပေမယ့် နှစ်ဝက်လောက် အကြာမှာပဲ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းက မက်ဆီရဲ့ အိန္ဒိယ ခရီးစဉ် မတိုင်ခင်မှာ သူ့ကို ဂုဏ်ပြုဖို့ ပုံတူရုပ်တုကြီးကို ဖန်တီး ထုလုပ်ခဲ့တာပါ။

လေပြင်းတွေ တိုက်ခတ်တဲ့ အခါတိုင်း အဲဒီရုပ်တုကြီး ယိမ်းထိုးသွားတာကို သိသိသာသာ သတိထားမိကြောင်း ဒေသခံတွေက တိုင်ကြားကြတဲ့နောက် ဇွန်လ ၁ ရက်နေ့မှာတော့ ကရိန်းတွေကို အသုံးပြုပြီး ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ် လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ရှာရက်ဒ်ဝတ် မူခါဂျီက လူထုရဲ့ အရေးဆိုမှုတွေကြောင့် ဇွန်လ ၁ ရက်နေ့ ညနေပိုင်းမှာ မက်ဆီရဲ့ ပုံတူ ရုပ်တုကြီးကို ဖယ်ရှားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ မက်ဆီက ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ထားပုံ ထုဆစ်ထားတဲ့ ရုပ်တုကို လေထိုးအခင်းကြီး တင်ထားတဲ့ ထရပ်ကားပေါ် ရွှေ့ပြောင်းပြီး သယ်ယူသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရုပ်တုကြီးကို လောလောဆယ် ပြည်နယ် အစိုးရက သိမ်းဆည်းထားမှာဖြစ်ပြီး သင့်တော်တဲ့ နေရာသစ် တစ်ခုကို ရွေးချယ်ပြီး ပြန်လည် စိုက်ထူဖို့ စီစဉ်သွားမယ်လို့ ပြောပါတယ်။

ရုပ်တုကြီး စတင်စိုက်ထူချိန် ကတည်းက မက်ဆီနဲ့ မတူဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ကြုံခဲ့ရသလို အင်တာနက်မှာလည်း လှောင်ပြောင်မှုတွေ ခံခဲ့ရပါတယ်။ အခုလထဲမှာ အသက် ၃၉ နှစ်ပြည့်မယ့် အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နိုင်ငံအတွက် ဆုဖလားကြီးကို ဦးဆောင် ရယူပေးနိုင်ခဲ့ပါတယ်။ သူဟာ မကြာခင် စတင်တော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားနဲ့အတူ ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာတော့ ဘောလုံးဟာ ခရစ်ကက်နဲ့ယှဉ်ရင် ဒုတိယ လူကြိုက်အများဆုံး အားကစား အဖြစ်သာ ရပ်တည်နေပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံထဲကတော်လှန်ရေးအင်အားစု တချို့ကို လေ့ကျင့်ပေးခဲ့ကြောင်းစွပ်စွဲခံရသူ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ယူကရိန်းနိုင်ငံသား ၆ ဦးကိုအိန္ဒိယကအိမ်ပြန်ခွင့်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

Facebook