Connect with us

Hi, what are you looking for?

ludunwayoo

သတင်း

ရခိုင်ဒေသမြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ လူစုလူဝေးရှိတယ်လို့ ယူဆတဲ့နေရာတွေကို နေ့၊ည အချိန်မရွေး လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ပိုလုပ်လာလို့ အဲဒီလိုတိုက်ခိုက်မှု ဘေးရန်ကို အရင်ထက်ပိုသတိထားဖို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ စက်တင်ဘာ ၂၉ရက်မှာ အရေးပေါ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာ ၂၉ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲမရှိဘဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ မူကြိုကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ ကိုးကန့် ဒေသမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ဦးကို တရုတ်က သေဒဏ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ သပိတ်လှုံ့ဆော်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉)မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးပြီး ၁၉ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ဗီယက်နမ် နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဝင်ရောက် တိုက်ခတ်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ဆဒုံးမြို့ကို စစ်ကောင်စီကဒီက​နေ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ထိခိုက်သေဆုံးသူများပြားတယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၄ဦးသေဆုံးပြီး ဒေသခံပြည်သူ ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

စက်တင်ဘာ−၂၉၊၂၀၂၅၊နေ့သစ်/People’s Spring ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ၉ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ပြင်းနေပါတယ်။ စစ်ကောင်စီတပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ရင်းတချို့ရဲ့ အကူအညီနဲ့ အပြင်းအထန်စစ်ကြောင်းထိုးနေတယ်လို့ တပ်မဟာ(၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။ဒါ​ကြောင့် တိုက်ပွဲ ၉ ရက်​​မြောက်​နေ့ဖြစ်တဲ့စက်တင်ဘာ ၂၉ ရက်မှာလည်းတိုက်ပွဲအလွန်ပြင်းထန်​နေတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မြဝတီမြို့စောင့်စစ်တပ် ခလရ(၂၇၅)တပ်ရင်းကနေလည်း...

Facebook