မတ်-၂၀၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးမှာ Express ယာဉ်နဲ့ Light Truck တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကရုဏာရှင်လူမှူကူညီရေးအသင်းကအသိပေးထားပါတယ်။
ဒီနေ့(မတ်၂၀) နံနက် ၆ နာရီခွဲလောက်မှာ အမှတ် ၇ လမ်းဆုံနဲ့ အမှတ်(၃)လမ်းဆုံကြားမှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူအမျိုးသားနှစ်ဦးကို ဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့ အခင်းဖြစ်ပွားတဲ့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားတာပါ။
သေဆုံးသူအမျိုးသားနှစ်ဦးက အသက်(၂၄)နှစ်ခန့်ဖြစ်ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်မှာနေထိုင်သူတွေလို့ ဆိုပါတယ်။

Public Service Announcement
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ရဲစခန်းမှာ အတည်ပြုဖို့ အသိပေးထားပါတယ်။
ဓာတ်ပုံမှတ်တမ်းတွေအရ Light Truck ယာဉ်က ခေါင်းခန်းတစ်ခုလုံး ပျက်စီးသွားသလို ယာဉ်တစ်စီးလုံးလည်းပျက်စီးနေတာကိုတွေ့ရပါတယ်။
ဒီယာဉ်တိုက်မှုမှာ လူညပ်နေတယ်လို့ သတင်းရတာကြောင့်သွားရောက်ကူညီပေးခဲ့ရပြီး အမျိုးသားနှစ်ဦးသေဆုံးတယ်လို့ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
“အသေအပျောက် များတာကြည့်လိုက်ရင်ခွေးဘီလူး လို လိုက်ထရပ်လို ရှေ့အင်ဂျင်မရှိ ထိပ်ပြားကားတွေများတယ်။အသကုန်မောင်းတာလဲသူတို့ကပိုများတယ်” လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။




















































