နိုင်ငံတကာ အဓိကရုဏ်း အခြေအနေတွေ ကြုံနေတဲ့ နီပေါမှာ စစ်တပ်က စီမံအုပ်ချုပ်ရေးတာဝန် လွှဲယူ ဆန္ဒပြမှုတွေကနေ အဓိကရုဏ်းအသွင် ကူးပြောင်းပြီး အခြေအနေတွေ ဆိုးရွားလာတဲ့နောက် နီပေါနိုင်ငံမှာ စစ်တပ်က ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးအတွက် စတင် ဖြန့်ကျက်လာခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 10, 2025
နိုင်ငံတကာ ကာတာမှာ အစ္စရေး တိုက်ခိုက်မှု ကြုံခဲ့ပေမယ့် ဟားမားစ် ခေါင်းဆောင်ပိုင်းတွေ အသက်ရှင်ခဲ့တယ်လို့ဆို ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ အစ္စရေးရဲ့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပေမယ့် အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်က ကြေညာခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 10, 2025
သတင်း “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်” ဟုကြွေးကြော်ကာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းမှာ ဆန္ဒပြ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၉)မှာ "တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်" ဟု ကြွေးကြော်ကာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ludunwayooစက်တင်ဘာ 10, 2025
သတင်း ပဲခူးမြို့မှာ ကျပ်သိန်း ၂၀၀ ကျော်နဲ့ လက်ဝတ်ရတနာတွေဓါးပြတိုက်ပြီး ကာရာအိုကေမှာပျော်ပါးနေတဲ့လူငယ်သုံးဦး အဖမ်းခံရ ပဲခူးမြို့၊ ဥဿာမြို့သစ်မှာရှိတဲ့ နေအိမ်တအိမ်ကို လူငယ်သုံးဦးက ဝင်ရောက်ဓားပြတိုက်ပြီး ကျပ်သိန်း ၂၀၀ ကျော်နဲ့ လက်ဝတ်ရတနာတွေ ယူဆောင်သွားပြီး ကာရာအိုကေမှာပျော်ပါးနေစဥ်နေ့တွင်းချင်းပြန်အဖမ်းခံလိုက်ရပါတယ်။ ludunwayooစက်တင်ဘာ 10, 2025
သတင်း လားရှိုးတွင်တရားပဒေစိုးမိုးမှုမရှိကြောင်းဝေဖန်သောစစ်ဘေးရှောင်ကို စစ်တပ်က ထောင် ၇ နှစ်ချ ၊ပြည်သူကိုခြိမ်းခြောက်မှုဟု ဒေသခံများပြော တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။ ludunwayooစက်တင်ဘာ 10, 2025
သတင်း ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေးအတွက် NUCC နဲ့ NUG တွေ့ဆုံ ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ NUCC က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 10, 2025
သတင်း ၀ိုင်းမော်တိုက်ပွဲ စစ်တပ် သံချပ်ကာယာဉ်ကို KIAဖျက်ဆီး၊ ဗန်းမော်တိုက်ပွဲ စစ်ကောင်စီ တပ်ရင်းမှူးသေဆုံးဟုဆို ကချင်ပြည်နယ်၊ ၀ိုင်းမော်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့(စက်တင်ဘာ ၉ရက်) တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ludunwayooစက်တင်ဘာ 9, 2025
သတင်း မြောက်ဒဂုံမြို့နယ်မှာ လူငယ်တဦး ကြိုးဆွဲချသေဆုံး ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် (၃၇)ရပ်ကွက်မှာ အသက်(၃၀)ခန့်အရွယ် အမျိုးသားတဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအဖွဲ့ဝင်အချို့က ပြောပါတယ်။ ludunwayooစက်တင်ဘာ 9, 2025
သတင်း ဝန်းသိုကစစ်ကြောင်းကို PDFတွေတိုက်ခိုက် စစ်သား၃၀ ခန့်သေဆုံးပြီး စစ်သုံ့ပန်း၅ဦးဖမ်းမိ ဝန်းသိုမြို့ကထွက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်သား ၃၀ ခန့်သေဆုံးပြီးစစ်သုံ့ပန်း ၅ဦးဖမ်းမိပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။ ludunwayooစက်တင်ဘာ 9, 2025
သတင်း တရုတ်ကုမ္ပဏီနဲ့ပေါင်းပြီး စစ်ကောင်စီကူညီပေးနေတဲ့ မြန်မာတယ်လီကွန်းကုမ္ပဏီများကို JFM ဖော်ထုတ် စစ်ကောင်စီ၏ ဒစ်ဂျစ်တယ် အကြမ်းဖက်စစ်ဆင်ရေးအတွက် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်း ကုမ္ပဏီများပူးပေါင်း၍ကူညီပေးနေကြောင်း Justice For Myanmar က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ထုတ်လိုက်သည်။ ludunwayooစက်တင်ဘာ 9, 2025