Connect with us

Hi, what are you looking for?

သတင်း

နာဂလက်နက်ကိုင်တပ်အချင်းချင်း တိုက်ပွဲဆက်ဖြစ်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့ ၂ဖွဲ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒီနေ့မှာလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။

NSCN(K-YA) နဲ့ NSCN(K-AM)အဖွဲ့ရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဇန်နဝါရီ-၁၂၊၂၀၂၆။အိမ်သွင်/People’s Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့ ၂ဖွဲ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒီနေ့မှာလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။

NSCN(K-YA) နဲ့ NSCN(K-AM)အဖွဲ့ဟာ ပန်ဆောင်မြို့ခမ္မတိုင်ဘုရားကျောင်းအနီးမှာ ဇန်နဝါရီ ၉ရက် မနက်၅နာရီခန့်က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာပါ။ ဒီနေ့ (ဇန်နဝါရီ၁၂ရက်)အထိ ညှိနှိုင်းမရဘဲ စစ်ရေးပြင်ဆင်မှုတွေ ဆက်ရှိနေစဉ် ခန္တီးမြို့နယ်မှာပါ တိုက်ပွဲထပ်ဖြစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ခန္တီးမြို့နယ်၊ တကားကျေးရွာနဲ့ နန်ဖာကျေးရွာအကြားမှာ မနက် ၆နာရီကနေ ၈နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။အခုတိုက်ပွဲဖြစ်တဲ့ နှစ်ဖွဲ့မှာ NSCN(K-YA)ကို ဦးယုန်းအောင်ဆိုသူ ဦးဆောင်ပြီး NSCN(K-AM)ကို ဦးအန်းမိုင်းဆိုသူ ဦးဆောင်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

NSCN(K-YA) နဲ့ NSCN(K-AM)အဖွဲ့ရဲ့ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ

” ပန်‌ဆောင်က တိုက်ပွဲမှာ အန်းမိုင်းအဖွဲ့ဘက်က ၂ဦးသေဆုံးတယ်ကြားတယ်။ ဒီနေ့ကကျတော့ အန်းမိုင်းက ယုန်းအောင်ရဲ့စခန်းကို ဝင်စီးတာ။ အသေအဆုံးတွေရှိတယ်” လို့ ခန္တီးမြို့ခံတစ်ဦးက ပြောပါတယ်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)ဟာ နာဂလူမျိုးတွေ နေထိုင်ရာ ဒေသအားလုံးကို ပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေကြောင့် အဖွဲ့တွေကွဲပြီး ဦးဆောင်သူအမည်ကို အစွဲပြုသတ်မှတ်တဲ့အဖွဲ့တွေ လှုပ်ရှားနေပါတယ်။

အန်းမိုင်အဖွဲ့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းမှုရှိပြီး ပြည်သူ့စစ်အနေနဲ့ ရပ်တည်ဖို့ ဆွေးနွေးမှုတွေရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

နာဂလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်နေတဲ့အပေါ် ဒေသခံတွေက ဝေဖန်နေကြတယ်။

“ဘုံရန်သူ စကစကိုကျတော့ မချဘဲ အချင်းချင်းဖြစ်နေတယ်။ စစ်သားလာကောက်( စစ်သားစုဆောင်းခြင်း) တော့ ပေးရတယ်။ ပြီးတော့ ကိုယ့်လူမျိုးအချင်းချင်းချနေတယ်။ ပြည်သူတွေပဲ ဒုက္ခရောက်အုံးမယ်”လို့ ခန္တီးမြို့ခံတစ်ဦးက ပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းတို့နဲ့ ၁၀၂၁ မိုင်ခန့်အထိနယ်စပ်ဆက်စပ်နေပါတယ်။ နယ်စပ်‌တလျှောက်မှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့တွေရှိနေပါတယ်။နာဂနဲ့ ကသည်းလက်နက်ကိုင်အဖွဲ့အချို့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ စစ်ကောင်စီရွေးကောက်ပွဲလည်း ပြုလုပ်နိုင်ခဲ့ပြီး NSCNK အဖွဲ့အချို့က အကူအညီ တွေပေးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ဟန်ပြစစ်ကြောင်းထိုးပြီး နိုင်ငံရေးအမြတ်ထုတ်နေဟု ဒေသခံတွေပြော

သတင်း

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့အပါအဝင် အရပ်သားတွေကို နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO)က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက People's Spring ကို ပြောပါတယ်။

ဆောင်းပါး

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး နာဇီဂျာမနီတို့ စစ်ရှုံးချိန်တွင် မဟာမိတ်နိုင်ငံများဖြစ်သည့် ဆိုဗီယက်ယူနီယံက တစ်ဖက်၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က တစ်ဖက် ဂျာမနီနိုင်ငံကို အရှေ့နှင့်အနောက် နှစ်ခြမ်းခွဲဝေ အုပ်ချုပ်ခဲ့ကြသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့တဲ့ အမျိုးသားလေးဦးဟာ နာဂPDF ရဲဘော်တစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားသုံးဦးဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။