Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည် နေရာအများအပြားမှာ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး မီးထွန်းသပိတ် ပြုလုပ်

ကရင်နီပြည်နယ်ရှိ နေရာဒေသ (၁၀) နေရာကျော်မှာ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ မီးထွန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၁၂၊၂၀၂၆။ သုည/People’s Spring

ကရင်နီပြည်နယ်ရှိ နေရာဒေသ (၁၀) နေရာကျော်မှာ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ မီးထွန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လှုပ်ရှားမှုကို ဇန်နဝါရီ ၁၁ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆန့်ကျင်ကန့်ကွက်ရေးကော်မတီအဖွဲ့က ဦးဆောင်ကာ နေရာဒေသအသီးသီးမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လှုပ်ရှားမှုမှာ “လိမ်ညာမှုကို မဲနှင့်ဖုံး၊ ပြည်သူ့အသံကိုပိတ်ပြီး မဲရေတွက်လို့ ဒီမိုကရေစီမဖြစ်နိုင်”၊ “အတုအယောင်ရွေးကောက်ပွဲအလိုမရှိ”၊ “မဲပေးဖို့ဆန္ဒအလိုမရှိ”၊ “ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”၊ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနှင့်” အစရှိတဲ့ စာသားတွေကို ဖယောင်းတိုင်ထွန်း ပုံဖော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

Facebook