Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းက မြို့နယ် ၃ခုမှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၅ဦး သေဆုံး၊ ၁၀ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်းက မြို့နယ် ၃ခုမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၅ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၀၊ ၂၀၂၆ ​ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်းက မြို့နယ် ၃ခုမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၅ဦး သေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၀ရက် မနက် ၁၀နာရီခန့်က ခင်ဦးမြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက်ရှိ စစ်ဘေးရှောင်တွေရှိ‌ရာ ကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာ ၃စီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ စုံစမ်းနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

မနေ့ညကလည်း ခင်ဦးနယ်အရှေ့ခြမ်း လယ်‌သစ်တောကျေးရွာက ရက်လည်တရားနာနေအိမ်အနီး လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၄ ဦးထိကာ ၂ဦးစိုးရိမ်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဒီကနေ့ မနက် ၈နာရီခန့်က ချောင်းဦးမြို့နယ်၊ တောင်ဖီလာကျေးရွာစာသင်ကျောင်းကို ထပ်မံလေကျောင်း တိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ် TGR သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

ဒါ့အပြင် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာလည်း ငါးလုံးတင်ကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာတစ်စီးနဲ့ နှစ်ကြိမ် လေကြောင်းတိုက်ခိုက်သွားတယ်လို့ TGR သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

“ ဒီကနေ့က လေးရွာလောက်ချတာ။ ခုညအထိ ချနေတုန်းပဲ” လို့ ချောင်းဦးသပိတ်ဆရာတော်က မိန့်ပါတယ်။

အလားတူ မနေ့က ညနေ ၆နာရီခန့်ကလည်း ယင်းမာပင်မြို့နယ်အရှေ့ခြမ်း ​ပြန်လှည့်ကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Monywa Revolutionအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် တိရိစ္ဆာန်တွေလည်း သေဆုံးပြီး ယာဥ်အချို့ပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၁ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ