Connect with us

Hi, what are you looking for?

သတင်း

ကရင်နီနဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ-၁၂၊၂၀၂၆။ သုည/People’s Spring

ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။

ကရင်နီပြည်နယ်ရှိ နေရာဒေသ (၁၀) နေရာကျော်မှာ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ မီးထွန်းသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လှုပ်ရှားမှုမှာ “လိမ်ညာမှုကို မဲနှင့်ဖုံး၊ ပြည်သူ့အသံကိုပိတ်ပြီး မဲရေတွက်လို့ ဒီမိုကရေစီမဖြစ်နိုင်”၊ “အတုအယောင်ရွေးကောက်ပွဲအလိုမရှိ”၊ “မဲပေးဖို့ဆန္ဒအလိုမရှိ”၊ “ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”၊ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနှင့်” အစရှိတဲ့ စာသားတွေကို ဖယောင်းတိုင်ထွန်း ပုံဖော်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာလည်း တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းတို့က “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ UKSY

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook