Hi, what are you looking for?
ခေါင်းပေါ်၌ ဗုံးကြဲလေယာဉ်ဝဲနေစဉ် မိုးကြီးပြီးရေနှင့်ရွှံ့နွံများပြည့်နေသောဗုံးခိုကျင်းဘေး၌ ဒေါ်မိုးခိုင် တစ်ယောက် စိတ်ပျက်လက်ပျက်ထိုင်နေခဲ့သည်။ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများကြားမှ လောကဓံကို မဖြုံစတမ်းဖြတ်ကျော်လာခဲ့သည့် သူ့အဖို့ လူလုပ်ဘေး နှင့် သဘာဝဘေးနှစ်ခုကြား ကျဉ်းထဲကျပ်ထဲရောက်နေသည်။ ယခုလို တချိန်တည်းတွင်ဘေးမျိုးစုံကြုံနေရသောအဖြစ်အတွက် မှန်ကန်စွာတုံ့ပြန်နိုင်ရန် အဖြေကဘာဖြစ်မလဲ ဆိုသည်ကို သူမေးခွန်းထုတ်နေမိသည်။
ဩဂုတ်-၂၀၊၂၀၂၅။သတိုး/People’s Spring မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာရှိ စစ်ကောင်စီ၏ အမှတ်(၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက-၁၃)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူက ပြောသည်။ “သပိတ်ကျင်းနဲ့မိုးကုတ်ကို ထိုးစစ်ဆင်ဖို့တပ်အထိုင်ထားတဲ့စခန်းလည်းဖြစ်တာမို့ သူတို့ကိုချေမှုန်းပေးခြင်းဖြင့် နယ်မြေခံတော်လှန်ရေးအင်အားစုတွေကို တဖက်တလမ်းက အားဖြည့်ပေးတဲ့မစ်ရှင်တခုပါပဲ” ဟု...