Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲ ရပ်စဲနိုင်ရေးအတွက် ထရမ့်ကို သွားရောက် တွေ့ဆုံမယ့် ယူကရိန်း သမ္မတ

ရုရှားနဲ့ စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - The New York Times

ရုရှားနဲ့ စစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

သမ္မတ နှစ်ဦးဟာ ဒီဇင်ဘာ ၂၈ ရက်နေ့ကျရင် ဖလော်ရီဒါမှာ တွေ့ဆုံကြမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းစေဖို့ အမေရိကန် အစိုးရက ကြားဝင် ညှိနှိုင်းပေးနေတဲ့ အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး ဇီလန်စကီးက အလေးအနက် ဆွေးနွေးမယ်လို့ ယုံကြည်ရပါတယ်။

ပြီးတော့ အနာဂတ်မှာ ယူကရိန်းရဲ့ လုံခြုံရေးအတွက် အမေရိကန်က အာမံချက် ပေးနိုင်မယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း သမ္မတနှစ်ဦး ဆွေးနွေးကြဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာတော့ ယူကရိန်းဖက်က အမေရိကန်ဆီ အဆိုပြုထားတဲ့ စစ်ရပ်စဲရေး အချက်အလက်တွေဟာ အမေရိကန်နဲ့ ရုရှားတို့ကြား ညှိနှိုင်းနေတဲ့ အခြေအနေတွေနဲ့ အတော်ကြီး ကွာဟနေတယ်လို့ ရုရှား အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားထားပါတယ်။

ဇီလန်စကီးက စစ်ပွဲ ရပ်ဆိုင်းနိုင်ရေးအတွက် နိုင်ငံ အရှေ့ပိုင်းမှာ ယူကရိန်း လက်ကျန် ထိန်းချုပ်ထားဆဲ ဒေသတွေက တပ်တွေကို ဆုတ်ခွာပေးဖို့ထိ အမေရိကန်ကို ကမ်းလှမ်းထားပါတယ်။ ဒါပေမဲ့ ရုရှားကလည်း တပ်တွေကို ရုပ်သိမ်းပေးပြီး ဒွန်းဘက်စ် ဒေသကို စစ်မဲ့ဇုန် သဘောမျိုး သတ်မှတ်ပေးဖို့ အမေရိကန်ကို ယူကရိန်းက တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက စစ်ရပ်စဲရေး ဆွေးနွေးမှုတွေဟာ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်နေတယ်လို့ ပြောပေမယ့် ယူကရိန်းဆီက အဲဒီ အဆိုပြုချက်နဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းကတော့ ကိယက်ဗ်မြို့တော် တဝိုက်မှာ ပေါက်ကွဲသံတွေ ကြားနေခဲ့ရပြီး ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း ထိခိုက်သေကြေမှု ဘယ်လောက်ထိ များခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ရုရှားဟာ စစ်ရပ်ဆိုင်းရမယ်ဆိုရင် ဒွန်းညက်စ်ခ်နဲ့ လူဟန့်စ်ခ် ပြည်နယ်တွေ ပါဝင်တဲ့ ဒွန်းဘက်စ် ဒေသ တစ်ခုလုံးကို ပေးရမယ်လို့ တောင်းဆိုထားပါတယ်။ လောလောဆယ်မှာတော့ လူဟန့်စ်ခ်ရဲ့ ၉၉ ရာခိုင်နှုန်းလောက်နဲ့ ဒွန်းညက်စ်ခ်ရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကို ရုရှားတပ်တွေက ထိန်းချုပ်ထားပြီး ကျန်တဲ့ အစိတ်အပိုင်း အနည်းအကျဉ်းမှာတော့ ယူကရိန်းတပ်တွေ အထိုင်ချထားဆဲ ဖြစ်ပါတယ်။

ဇီလန်စကီးက ဒွန်းဘက်စ်ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာပေးရေး ကိစ္စကို လက်ခံထားပေမယ့် အဲဒီနေရာကို ရုရှားတပ်တွေ ဝင်ရောက်တာမျိုး မဟုတ်ဘဲ လွတ်လပ်တဲ့ စီးပွားရေးဇုန်၊ ဒါမှမဟုတ် စစ်မဲ့ဇုန် သဘောမျိုး သတ်မှတ်ပေးထားဖို့ အမေရိကန်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ယူကရိန်းတို့ဟာ စစ်ပွဲရပ်စဲနိုင်ရေးအတွက် အချက် ၂၀ ပါတဲ့ အစီအမံ တစ်ခုကို ဆွေးနွေးနေကြပြီး ၉၀ ရာခိုင်နှုန်းလောက် အဆင်ချောနေပြီလို့ ဇီလန်စကီးက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဓိက လုပ်ရမှာက သဘောတူညီချက် အားလုံးကို ၁၀၀ ရာခိုင်နှုန်း ပြီးစီး အထမြောက်စေဖို့ ဖြစ်တယ်လို့ သူက မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။