Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူတွေ ဆန္ဒပြ

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း တနင်္သာရီမြို့နယ်u ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၇၊ ၂၀၂၅။ ဟန်နွေ/People’s Spring

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း တနင်္သာရီမြို့နယ်u ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

စစ်အာဏာရှင်တွေ တည်တံ့ဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၂၇ရက်မှာ ပြည်သူတွေ ကန့်ကွက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ “အတုအယောင်ရွေးကောက်ပွဲ ကို ဆန့်ကျင်၊ အာဏာရှင်စနစ်ကို သုတ်သင်”၊ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့” ၊ “ လူသတ်ခွင့်ပြုတာ သင့်မဲတပြားပါ” စတဲ့ စာသားတွေ ရေးသား ကိုင်ဆောင်ပြီး စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်က မနက်ဖြန် ဒီဇင်ဘာ ၂၈ရက်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ သတ်မှတ်ထားတာဖြစ်လို့ အခုရက်ပိုင်းမှာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတဝန်းက တော်လှန်ပြည်သူ အဖွဲ့အစည်းတွေ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဖော်ပြမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်တာ၊ ပြည်သူတွေက ဆန္ဒထုတ်ဖော်မှု ပြုလုပ်တာ ၊ စစ်တပ်ရွေးကောက်ပွဲနေ့မှာ မိမိအိမ် နေထိုင်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ဖို့ လှုံ့ဆော်ကြေညာတာ၊ စစ်တပ်ရွေးကောက်ပွဲမှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ သတိပေးတာ စတဲ့ နည်းမျိုးစုံနဲ့ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဂျပန်အစိုးရအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အသိအမှတ်ပြုပြီး ထောက်ခံအားပေးဖို့ ဒီကနေ့ (ဧပြီ ၁၆)မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။