Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ ထိုင်းတိုက်လေယာဉ်တွေ ဗုံးကြဲ၊ အပစ်ရပ်ရေး ဆက်လက်ဆွေးနွေးနေ

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်နေသလို တစ်ချိန်တည်းမှာပဲ ထိုင်းကလည်း ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

နှစ်နိုင်ငံကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်ဆောင်နေသလို တစ်ချိန်တည်းမှာပဲ ထိုင်းကလည်း ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

ထိုင်းဘုရင့်လေတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ နယ်စပ်တလျှောက် ကမ္ဘောဒီးယားရဲ့ အခိုင်အမာ ဆောက်လုပ်ထားတဲ့ စစ်ရေးပစ်မှတ် နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ စစ်ပွဲကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာသွားပြီဖြစ်တဲ့ နေရာတွေမှာ အဲဒီ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာလို့လည်း ထိုင်းက ပြောပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ထိုင်းလေတပ်ဟာ စစ်ဘက် အရပ်ဖက် ပစ်မှတ်တွေ မခွဲခြားဘဲ သိမ်းကြုံး ဗုံးကြဲခဲ့ပြီး လူနေအိမ်တွေပါ ပျက်စီးခဲ့ကြောင်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကမ္ဘောဒီးယား အရပ်သားတချို့ ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇူလိုင်လတုန်းက ၅ ရက်ကြာ နယ်စပ် စစ်ရေးပဋိပက္ခအပြီး အပစ်ရပ်ထားခဲ့တဲ့ အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အပစ်အခတ် ပြန်ရပ်စဲနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် နယ်စပ်မှာလည်း တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတာ ဖြစ်ပါတယ်။ လက်ရှိ ဒုတိယအကြိမ် ပြန်စတင်လာတဲ့ ပဋိပက္ခတွေအတွင်း အနည်းဆုံး လူ ၄၁ ဦးလောက် သေဆုံးခဲ့ပြီးပါပြီ။

Public Service Announcement

Public Service Announcement

နှစ်ဖက်စလုံးကတော့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တယ်ဆိုပြီး အပြန်အလှန် စွပ်စွဲ အပြစ်တင်နေကြပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့ကစလို့ တိုက်ပွဲတွေဟာ ကီလိုမီတာ ၈၀၀ ကျော် ရှည်လျားတဲ့ နယ်စပ်စည်းရဲ့ နေရာအနှံ့မှာ ဖြစ်ပွားနေခဲ့ပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ထိုင်းရဲ့ F-16 တိုက်လေယာဉ်တွေဟာ နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဘန်ထေမန်ချေ ပြည်နယ်ရဲ့ နယ်စပ်မှာ ဗုံးကြဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းတိုက်လေယာဉ်တွေဟာ စုစုပေါင်း ဗုံးအလုံး ၄၀ လောက် ကြဲချခဲ့တယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲထားပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကို ထိုင်းကလည်း အတည်ပြုခဲ့ပြီး ရည်ရွယ်ချက်ကတော့ နယ်စပ်မှာရှိတဲ့ နွန်ချန်ရွာကို ထိန်းချုပ်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်ကြားက အပစ်ရပ် ဆွေးနွေးမှုတွေဟာ မြင်သာတဲ့ တိုးတက်မှု ရလဒ်တွေ မတွေ့ရသေးပါဘူး။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ဆွေးနွေးမှုတွေမှာ နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးတွေပါ ပူးပေါင်း ပါဝင်လာဖို့ ရှိနေပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ကလည်း နှစ်နိုင်ငံကြားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတစ်ခု ထွက်ပေါ်လာအောင် ကြားဝင် စေ့စပ်ပေးဖို့ ကြိုးစားနေကြပါတယ်။

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်ကတော့ အပြန်အလှန် တင်ပြကြတဲ့ အဆိုပြုချက်တွေကို တစ်ဖက်စီက လိုက်လျော လက်ခံနိုင်မယ်ဆိုရင် အပစ်ရပ် ဆွေးနွေးမှု အထမြောက်သွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – EPA, Reuters

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ကမ္ဘောဒီးယား၏ တိတ်တဆိတ်ကြီးထွားလာနေသော တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက်

Facebook