Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်နိုင်ငံကြားမှာ သွေးသောက် ဆက်ဆံရေးမျိုး ရှိနေတယ်လို့ ကင်မ်ဂျုံအွန်းက ပူတင်ဆီ နှစ်သစ်ကူး သဝဏ်လွှာပို့

နှစ်နိုင်ငံကြားမှာ သွေးသောက်တွေလို နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်က ရုရှားဆီ ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ရေးသားထားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA/Getty

နှစ်နိုင်ငံကြားမှာ သွေးသောက်တွေလို နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်က ရုရှားဆီ ပေးပို့တဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ ရေးသားထားခဲ့ပါတယ်။

မြောက်ကိုရီးယား အဓိပတိ ကင်မ်ဂျုံအွန်းဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီကို နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့တာဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ မိတ်ဆွေနိုင်ငံ နှစ်ခုဟာ သွေးသောက်တွေအဖြစ် သေအတူ ရှင်မကွာ လက်တွဲ တိုက်ခိုက်ခဲ့ကြကြောင်း ဖော်ပြထားခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ ရုရှားကို ကူညီဖို့အတွက် မြောက်ကိုရီးယားဟာ သောင်းနဲ့ချီများတဲ့ စစ်သားတွေကို စေလွှတ်ပေးခဲ့ကြောင်း တောင်ကိုရီးယားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ထောက်လှမ်းရေးတွေက မှတ်ချက်ပေးထားပါတယ်။ မြောက်ကိုရီးယားကလည်း ရုရှားအတွက် တပ်ကူတွေ ပေးပို့ခဲ့တယ် ဆိုတာကို နောက်ပိုင်းမှာ အတည်ပြုခဲ့ပေမယ့် အရေအတွက်ကိုတော့ မထုတ်ပြန်ပါဘူး။

မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ ကင်မ်ရဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာတော့ ၂၀၂၅ ခုနှစ်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားကြား ခိုင်မာတဲ့ မဟာမိတ် ဆက်ဆံရေးအတွက် တကယ့်ကို အဓိပ္ပါယ် ပြည့်ဝတဲ့ ကာလတစ်ခုအဖြစ် ကင်မ်က ရည်ညွှန်းထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ မဟာမိတ် ဆက်ဆံရေးဟာ နှစ်နိုင်ငံကြားက သွေးသောက်တွေအဖြစ် သေအတူရှင်မကွာ ရပ်တည်မှုကို မြင်သာစေခဲ့တယ်လို့လည်း ကင်မ်က ရေးသားထားပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားအတွက် တပ်တွေ စေလွှတ်ပေးခဲ့သလို လက်နက်ကြီးကျည်တွေ အလုံးအရင်း ထုတ်လုပ်ပေးတာမျိုး အကူအညီတွေလည်း ပေးအပ်ခဲ့ပါတယ်။

အပြန်အလှန် အနေနဲ့ ရုရှားကလည်း မြောက်ကိုရီးယားအတွက် ဘဏ္ဍာရေးနဲ့ စစ်ဖက် နည်းပညာ အကူအညီတွေ ပြန်လည်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေ ထုတ်လုပ်နိုင်မှုကို ပိုမို မြှင့်တင်ဖို့ ကင်မ်က တရားဝင် အမိန့်ပေး ညွှန်ကြားခဲ့ပြီး တစ်ရက်အကြာမှာ အခုလိုမျိုး ပူတင်ဆီကို နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲ နောက်ပိုင်းမှာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ နိုင်ငံတကာ အပယ်ခံ နိုင်ငံတွေ အချင်းချင်း ပိုပြီး ပူးပေါင်းမိလာခဲ့ပါတယ်။ အဲဒီနောက် ပူတင်နဲ့ ကင်မ်တို့ဟာ နှစ်နိုင်ငံ ကာကွယ်ရေး စာချုပ်တစ်ရပ်ကိုပါ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

မြောက်ကိုရီးယားက ရုရှားဆီ သဝဏ်လွှာ မပို့ခင် ရက်ပိုင်းအလိုမှာ ပူတင်ကလည်း ကင်မ်ဆီကို နှစ်သစ်ကူး ဆုမွန်ကောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ ထူးကဲတဲ့ အဓိပ္ပါယ်တွေကို ချီးကျူးထားသလို ရုရှားအတွက် ကူညီ တိုက်ခိုက်ပေးခဲ့တဲ့ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ သူရဲကောင်း ပီသမှုတွေကိုပါ ဂုဏ်တင်ရေးသားထားခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲမှာ အောင်ပွဲခံနိုင်မယ်ဆိုတာ ယုံကြည်ကြဖို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထည့်သွင်း တိုက်တွန်းသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ပိုင်တဲ့ နေအိမ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ယူကရိန်းက ငြင်းဆိုသွားပါတယ်။

နိုင်ငံတကာ

အနောက်နိုင်ငံတွေကသာ ရုရှားကို လေးစားမှုနဲ့ ဆက်ဆံမယ်ဆိုရင် နောက်ထပ် ဘာစစ်ပွဲမှ မရှိစေရဘူးလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရပ်စဲစေချင်ရင် ယူကရိန်းဟာ ပိုင်နက်နယ်မြေ အများအပြားကို ရုရှားဆီ လွှဲပြောင်းပေးရမယ်ဆိုတဲ့ တောင်းဆိုမှုကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။