Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားရောက်မြန်မာတွေ စစ်ကောင်စီ ရွေးကောက်ပွဲကန့်ကွက်ဆန္ဒပြ

စစ်ကောင်စီရွေးကောက်ပွဲလုပ်တဲ့ ဒီကနေ့ (ဒီဇင်ဘာ ၂၈)မှာ ကိုရီးယားနိုင်ငံရောက်မြန်မာတွေက ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီဇင်ဘာ-၂၈၊၂၀၂၅။ သုည/People’s Spring

စစ်ကောင်စီရွေးကောက်ပွဲလုပ်တဲ့ ဒီကနေ့ (ဒီဇင်ဘာ ၂၈)မှာ ကိုရီးယားနိုင်ငံရောက်မြန်မာတွေက ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ဆန္ဒပြပွဲကို တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးနဲ့ တောင်ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၀ ကျော် ပါဝင်သော “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ”ပြုလုပ်တာဖြစ်ပြီး၊ တော်လှန်ပြည်သူ ရာနဲ့ချီ၍ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က ၂၀၂၀ ရွေးကောက်ပွဲမှာ လူထောင်ချီလာရောက်၍ ကြိုတင်မဲပေးခဲ့ကြသော်လည်း၊ ယခုအခါ မဲပေးသူတယောက်မျှ မရှိခဲ့ကြောင်း၊ တကမ္ဘာလုံးက ရှုတ်ချထားတဲ့ အလွန် အရှက်မဲ့သော ရွေးကောက်ပွဲရလဒ်ဟာ မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အလှည့်အပြောင်း ဖြစ်စေမှာ မဟုတ်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တောင်ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာချက်တွေကိုလည်း စစ်ကောင်စီသံရုံးသို့ ပေးပို့ခဲ့ပါတယ်။

ရုပ်သံ – စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယား

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။