သတင်း သပိတ်ကျင်းတွင် တိုက်ပွဲပြင်းထန်၊ (၅)မိုင်ရွာ စစ်တပ်ပြန်ရ တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၅)မိုင်ကျေးရွာကို စစ်ကောင်စီတပ်က သိမ်းပိုက်ရရှိသွားကြောင်း အဆိုပါဒေသတွင်းရှိ တော်လှန်ရေးရဲဘော်များက ပြောသည်။ ludunwayooဇူလိုင် 10, 2025
သတင်း ထီးခီးနယ်စပ်ဂိတ် ပြန်မဖွင့်သေး၊ ဒေသခံများ၏စျေးကားများသာ သွားလာခွင့်ရဟု KNU ပြော ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားသည့် ထီးခီးနယ်စပ်ဂိတ်တွင် ကုန်သွယ်ခွင့် ပြုလိုက်ပြီဆိုသည်မှာ မဟုတ်ဘဲ ယခင်အတိုင်း ပိတ်ထားဆဲဖြစ်ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ludunwayooဇူလိုင် 10, 2025
သတင်း နိုင်ငံရေးအကျဉ်းသားတွေ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရဖို့ ဓာတ်ပုံကမ်ပိန်းလုပ်တောင်းဆို "အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး" ကမ်ပိန်းတွင် ချမ်းမြသာစည် မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များ အစည်းအရုံး-အကလ ရဲဘော်များ က ဓာတ်ပုံလှုပ်ရှားမှုဖြင့် ပါဝင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးသည်။ ludunwayooဇူလိုင် 10, 2025
သတင်း တရုတ်အစိုးရက KIAကို ဗန်မော်ထိုးစစ်မရပ်လျှင် မြေရှားမဝယ်တော့ဟုခြိမ်းခြောက်မှု မကြားမိဟု KIO/KIAပြော တရုတ်အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်( KIO/KIA )ကို ဗန်းမော်မြို့သိမ်းထိုးစစ်ဆင်နေမှုကို မရပ်တန့်လျင် မြေရှားသတ္ထုတွေဝယ်ယူမှုရပ်တန့်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာကို မကြားဘူးလို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှုကြီးနော်ဘူကပြောပါတယ် ။ ludunwayooဇူလိုင် 10, 2025
သတင်း ကရင်နီပြည်နယ်၌ ယခုနှစ် ၇လအတွင်း ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟု IEC ထုတ်ပြန် ယခုနှစ်အတွင်း ကရင်နီပြည်နယ်၌ ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ နီးပါးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး လူမျိုးသုန်းသတ်ဖြတ်မှုအထိ ပစ်မှတ်ထားနေကြောင်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ ထုတ်ပြန်သည်။ ludunwayooဇူလိုင် 10, 2025
သတင်း တောင်ငူလေတပ်စခန်းကို တော်လှန်ရေးအဖွဲ့များ ၁၀၇ မမများဖြင့် ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်မှုများကြောင့် နှစ်ကြိမ်ခွဲ၍ ပစ်ခတ်ခဲ့ရဟု BWM ပြော ludunwayooဇူလိုင် 10, 2025
သတင်း ပူတာအို ခလရ (၁၃၈)ပို့မည်ဆီပေပါ ၅၀ ကို PDF သိမ်းဆည်း ကချင်ပြည်နယ်၊ပူတာအိုမြို့အခြေစိုက် ခြေလျင် တပ်ရင်း (ခလရ ၁၃၈ )ကိုပို့မည့် ဆီပေပါအလုံး ၅၀ ကို သိမ်းဆည်းရရှိကြောင်း PDF ပူတာအို က ယနေ့ ထုတ်ပြန်သည်။ ludunwayooဇူလိုင် 10, 2025
သတင်း ထားဝယ်-ရေးလမ်းပိုင်း၌ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ကလေးများအပါအဝင် မိသားစုဝင် ၄ဦးသေဆုံး တနင်္သာရီတိုင်း၊ ထားဝယ်-ရေးလမ်းပိုင်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၃ဦးအပါအဝင် မိသားစုဝင် ၄ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နားက ပြောသည်။ ludunwayooဇူလိုင် 10, 2025
သတင်း အငြိမ်းစား ပင်စင်စားဝန်ထမ်းတွေကို စစ်ကောင်စီက Smart Card လုပ်ခိုင်းနေ ပင်စင်ထုတ်မယ့်အငြိမ်းစားဝန်ထမ်းတွေကို စစ်ကောင်စီက လဝကရုံးသွားပြီး Smart Card လုပ်ခိုင်းနေပါတယ်။ ludunwayooဇူလိုင် 10, 2025
သတင်း ဝါဆိုလပြည့်နေ ရွှေတိဂုံဘုရားမြင်ကွင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့ ) ကျရောက်တဲ့ ဒီနေ့မှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်ဆီ လာရောက်ဘုရားဖူးသူတွေ များပြားခဲ့ပါတယ်။ ludunwayooဇူလိုင် 10, 2025