Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမှာ ပကဖနာမည်သုံးပြီး ငွေလိမ်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အမည် အလွဲသုံးစားလုပ်ပြီး ပြည်သူတွေထံ လိမ်လည်ငွေတောင်းတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

ရေစကြိုမြို့နယ်(ပ.က.ဖ) အမည်အလွှဲသုံးစားလုပ်၍ အလှူခံထားသောစာ ဓါတ်ပုံ-ရေစကြိုပကဖ

နိုဝင်ဘာ-၉၊၂၀၂၅။ဇေအောင်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အမည် အလွဲသုံးစားလုပ်ပြီး ပြည်သူတွေထံ လိမ်လည်ငွေတောင်းတာတွေ ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။

တော်လှန်ရေး အဖျက်မှောင့်ဖြစ်စေဖို့ ရည်ရွယ်ပြီး ရေစကြို ပကဖ အမည်အလွဲသုံးစားလုပ်ကာ စာထုတ်ပြီး ပြည်သူတွေဆီ လိမ်လည်အလှူခံတာတွေ ပြုလုပ်နေကြောင်း ရေစကြိုပကဖအဖွဲ့မှ ရဲဘော်ဝေကြီးက ပြောပါတယ်။

“ ငွေတွေတော့ မပါလောက်သေးဘူး။ လောလောဆယ်တော့ ၂ ဦးဆက်သွယ်လာတယ်။ ဆက်သွယ်မလာတာတွေလည်း ရှိနိုင်တယ်။ အရင်ကတော့ မဖြစ်ဖူးဘူး။” လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လိမ်လည်ငွေတောင်းတဲ့စာမှာတော့ မကြာမီ စစ်ဆင်ရေးတိုးမြှင့်တော့မှာမို့ ရန်ပုံငွေ ငါးသိန်းကျပ်ထည့်ဝင်ဖို့နဲ့ ရန်ပုံငွေမထည်ဘူးဆိုရင် တာဝန်မယူကြောင်း ရေးသားထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ရေစကြိုမြို့နယ် ပကဖ ဆက်သွယ်လှူဒါန်းလိုပါက Facebook Page https://www.facebook.com/profile.php?id=61573052546476နဲ့ Telegramကနေသာ ဆက်သွယ်ကြဖို့ ရေစကြိုပကဖက အသိပေးပါတယ်။

အဖွဲ့အစည်းအမည် အလွဲသုံးစားလုပ်နေတဲ့ ဘယ်သူ့ကိုမဆိုနှင့် ဘယ်အဖွဲ့အစည်းမဆို လိုက်လံရှာဖွေဖမ်းဆီးအရေးယူသွားမယ်လို့ ရေစကြိုပကဖက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ