Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၂၂)ကစစ်သား ၂ဦး ကယ်ကြပါ​အော်ပြီး ကော်ဘရာစစ်ကြောင်းထံအလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှာစစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့တပ်မ(၂၂)စစ် ကြောင်းက တပ်သားနှစ်ဦး ကယ်ပေးရန်အော်ပြီး ကော်ဘရာစစ်ကြောင်းထံအလင်းဝင်လာခဲ့ပါတယ်။

အလင်းဝင်လာတဲ့ တပ်မ(၂၂)က တပ်သားနှစ်ဦးကို ဗိုလ်မှူးစောဒါဘောက ကျပ်သိန်း ၃၀စီ ချီးမြှင့်နေစဉ်။ ဓာတ်ပုံ - ပေးပို့

■ ဗိုလ်မှူးသူရစောဒါဘောကကျပ်သိန်း၃၀စီချီးမြှင့်

နိုဝင်ဘာ-၉၊၂၀၂၅။ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှာစစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့တပ်မ(၂၂)စစ် ကြောင်းက တပ်သားနှစ်ဦး ကယ်ပေးရန်အော်ပြီး ကော်ဘရာစစ်ကြောင်းထံအလင်းဝင်လာခဲ့ပါတယ်။

တပ်မ(၂၂)ရဲ့စစ်ကြောင်းက တပ်သားနှစ်ဦးဟာ လက်နက်တွေယူလာပြီး ကင်းကျနေချိန်ထွက်ပြေးလာတာလို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့နှစ်ယောက်က ကင်းကျပြီးတော့ ထွက်ပြေးလာတာ။ဘယ်လိုမှမနေနိုင်လို့ကြောက်ပြီး။ တယောက်ကကြ ဖော့အဖြူလေးယူလာတယ်။ သေနတ်တလက်ပါတယ်။ ယောက်က ပီနံအိတ်အဖြူလေးယူလာတယ်။ သေနတ်တလက်ပါတယ်။ ရွာထဲရောက်တော့ ကယ်ကြပါအုံး၊ကယ်ကြပါအုံး လိုက်အော်ပြီးတော့ သူများတွေလို့ သွားခေါ်လာတာ”လို့ ၎င်းကပြောပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ တပ်မ(၂၂)က တပ်သားတဦးကို ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ‌ကျပ်သိန်း ၃၀စီ ချီးမြှင့်ပေးလိုက်တယ်လို့လည်း ပြောပါတယ်။

လေးကေ့ကော်မြို့ဆီစစ်ကြောင်းထိုးနေတဲ့ တပ်မ(၂၂)ဟာ အထိနာပြီး အများအပြားသေဆုံးနေတယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လေးကေ့ကော်ဒေသကို စက်တင်ဘာ ၂၃ရက်ကစပြီး တပ်မ(၂၂)လက်​အောက်ခံ တပ်ရင်း​တွေကို သုံးရင်းတစ်ဗျူဟာဖွဲ့ပြီး ဗျူဟာ ၃ ခုနဲ့ ခွဲပြီး စစ်​ကြောင်းထိုးတိုက်ခိုက်​နေတာပါ။ ဗျူဟာ (၂၂၁) ၊ ဗျူဟာ(၂၂၂)၊ ဗျူဟာ(၂၂၃) ဆိုတဲ့ သုံးဗျူဟာနဲ့ တစ်ဗျူဟာ အင်အား ၄၀၀ ​ကျော်နဲ့ စုစုပေါင်း အင်အား ၁၂၀၀နဲ့ စစ်ကြောင်းထိုးလာတာလို့ ဗျူဟာ (၃၂)ရဲ့ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ‌အောက်တိုဘာ ၂၃ရက်မှာ လူထုနွေဦးကို ပြောထားပါတယ်။

တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့ လေးကေ့ကော်ဒေသနားမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ရက်က ရသေ့ဂူအနီးမှာ တပ်မ(၂၂)လက်​အောက်ခံ ခမရ(၂၀၉)တပ်ရင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ခမရ(၂၀၉)တပ်ရင်းအထိနာလို့ ပြန်ဆုတ်သွားရပြီး အလောင်းတွေနဲ့ ခဲယမ်းတွေအများအပြား ကျန်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗျူဟာ (၃၂) ၊ကျားသစ်နက်စစ်​ကြောင်းက နိုဝင်ဘာ ၂ ရက်ညပိုင်းထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းမှာလည်း ခဲယမ်း​တွေ အများအပြားသိမ်းရခဲ့တာကို တွေ့ရပါတယ်။

အောက်တိုဘာ ၃၁ရက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA)ထိန်းချုပ်ဒေသ ဖလူးရွာက တရုတ်နိုင်ငံသားရဲ့ လုပ်ငန်းဆိုက်ဖြစ်တဲ့ မီးပန်းဂိုဒေါင် ၁၂၀မမ လက်နက်ကြီးကျည် ထိမှန်ပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

လေးကေ့ကော်ဒေသကိုစစ်တပ်က တပ်မ(၂၂)၊လက်​အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလ တစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၅၀ခန့်သေဆုံးပြီး ၂၀၀​ ခန့်ဒဏ်ရာရရှိကာ အထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ပြောပါတယ်။

လေးကေ့ကော်ဒေသတိုက်ပွဲ တစ်လအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်နဲ့ လေးဦးအလင်းဝင်လာပြီး မြေပြင်မှာ သိမ်းဆည်းရမိတာက လက်နက် ၅လက်နဲ့ စစ်သားတစ်ဦး ဖမ်းဆီးရမိတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဟာ လေးကေ့ကော်ဒေသတိုက်ပွဲအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေကို အများဆုံးအသုံးပြုထားတယ်လို့လည်းသူက ပြောပါတယ်။

ဆက်စပ်သတင်းများ