နိုဝင်ဘာ-၉၊၂၀၂၅။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့ ဒီနေ့ (နိုဝင်ဘာ ၉ရက်) မနက်၁၀နာရီခန့်မှာ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။
တန့်ဆည်မြို့တောင်ဘက်ခြမ်းဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနစ်ဦးဟာ PDFစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး စနိုက်ပါတစ်လက်နဲ့ ကျည်ဆန်တချို့သိမ်းယူနိုင်ခဲ့တယ်လို့ PDFရဲဘော်တွေက ပြောပါတယ်။

Public Service Announcement
” ခုနစ်ယောက်မှာ နှစ်ယောက် သေတယ်။ အလောင်းတွေ ပြန်ဆွဲသွားတယ်။ စနိုက်ဘာတစ်လက် ရလိုက်တယ်ဗျ။ ကျွဲဆွဲရွာဘက်ပြန်ဆုတ်သွားတယ်” လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်ခန့်ကြာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိခိုက်မရှိခဲ့ဘူးလို့ Taze People’s Defence Forceက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကျွဲဆွဲကျေးရွာဘက်ကနေထွက်လာတာဖြစ်ပြီး တိုက်ခိုက်ခံရပြီးတဲ့နောက် ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ဒါပေမယ့် နှစ်ဦးသေဆုံးပြီး စနိုက်ပါ တစ်လက် ဆုံးရှုံးခဲ့တဲ့အတွက် စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးဖို့ကြိုးစားနေတယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီတပ်ဟာ တန့်ဆည်မြို့နယ်ကို ဒရုန်းနဲ့အပြင် စပိုင်မိုးပျံဘောလုံးနဲ့ပါ လေကြောင်းကနေကင်းထောက်နေလို့ သတိပြုနေထိုင်ကြဖို့ ဒေသခံတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။


















































