Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၉၉)ရဲ့ စစ်မှုထမ်းတပ်သားတဦး လက်နက်ယူလာပြီး အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ(၉၉)လက်အောက်ခံ ခမရ(၁၄) တပ်ရင်းရဲ့ တပ်သားတဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပေါက်ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေါက် ပကဖ

နိုဝင်ဘာ-၉ ၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း စစ်ကြောင်းထိုးလာတဲ့ တပ်မ(၉၉)လက်အောက်ခံ ခမရ(၁၄) တပ်ရင်းရဲ့ တပ်သားတဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ပေါက်ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ခမရ(၁၄)တပ်ရင်းရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတဦးဟာ စစ်ကြောင်းအတွင်းကနေ ထွက်ပြေးလာတာလို့ ဆိုပါတယ်။

MA 1 တလက် ကျည်ခဲယမ်းတွေ ယူဆောင်လာတာလို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်ကလည်း အဲဒီစစ်ကြောင်းကထွက်ပြေးလာတဲ့ တပ်သား နှစ်ဦးကို ပေါက်မြို့နယ် ပကဖက ဖမ်းဆီးမိထားပါတယ်။

ပြည်သူထောက်ခံမှုမရှိတဲ့ စစ်ကောင်စီရဲ့လက်အောက်မှာမနေဘဲ သက်ဆိုင်ရာ တော်လှန်ရေးနယ်မြေခံတွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ကြဖို့လည်း ပေါက်ပကဖ က တိုက်တွန်းထားပါတယ်။

“ စစ်ကြောင်းက ပေါက်မြို့ နဲ့အနီးစပ်ဆုံးက ရွာတွေမှာ တဝက်လောက်ရှိနေသလို နောက်တဝက်လောက်က မြို့ထဲဝင်နေတယ်” လို့ ပေါက်မြို့ခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒေသအတွင်းစစ်ရေးလုပ်ဆောင်မှုတွေ အရှိန်မြင့်မယ့်အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးသတိထားကြဖို့လည်း သတိပေးထားပါတယ်။

ဆိပ်ဖြူမြို့နယ် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကနေလာတဲ့ စစ်​ကောင်စီတပ်စစ် ကြောင်းကို တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၅ ရက်နဲ့ ၆ ရက်က နှစ်ရက်ဆက် တိုက်ခိုက်မှုမှာ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ