သတင်း အင်းတော်နဲ့ မဘိမ်းကို စစ်တပ် ဗုံးကြဲ စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။ ludunwayooစက်တင်ဘာ 24, 2026
သတင်း စစ်တပ်ချောဆွဲလို့ ဗန်းမော်ပါလာပြီးဆုံးရှုံးခဲ့ရတဲ့ ပုဂ္ဂလိကသင်္ဘောပိုင်ရှင်များအတွက် စိတ်မကောင်းဟုKIAဒုဗိုလ်ချုပ်ကြီးဂွန်မော်ပြော တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ နွေဦးတော်လှန်ရေးရဲအရင်းအနှီးဟု အသိပေး ludunwayooစက်တင်ဘာ 24, 2026
သတင်း စစ်တပ်ကထိန်းချုပ်ထားတဲ့ငြိမ်းချမ်းရေးကိုစစ်မှန်တဲ့ငြိမ်းချမ်းရေးအဖြစ် KNU လက်မခံ စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။ ludunwayooစက်တင်ဘာ 24, 2026
သတင်း စစ်ကောင်စီက သံဃာတော်တွေကို UID နံပါတ်ထုတ်ပေးပြီး ထိန်းချုပ်ဖို့ စီစဥ် စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။ ludunwayooစက်တင်ဘာ 24, 2026
သတင်း မင်းလှမှာ စစ်တပ်ထံအညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံရ ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ludunwayooစက်တင်ဘာ 24, 2026
နိုင်ငံတကာ ချုပ်နှောင်ခံ၊ လိင်အမြတ်ထုတ်ခံရတဲ့ တရုတ်အမျိုးသမီး ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ် ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 24, 2026
နိုင်ငံတကာ Rubik’s Cube အမြန်ဆုံး ဖြေရှင်းနိုင်တဲ့ အမျိုးသမီး ဖြစ်လာတဲ့ ၆ နှစ်သမီးလေး အသက် ၆ နှစ်သာ ရှိသေးတဲ့ တရုတ် မိန်းကလေးငယ် တစ်ဦးဟာ ဉာဏ်စမ်း ကုဗတုန်း (Rubik’s Cube)ကို အမြန်ဆုံး ဖြေရှင်းနိုင်တဲ့ ကမ္ဘာ့စံချိန်သစ်ကို ပိုင်ဆိုင်သွားပါတယ်။ ludunwayooစက်တင်ဘာ 24, 2026
သတင်း မုဒုံမြို့ဘောလုံးပွဲ မိုးကြိုးပစ်ခံရပြီး ကစားသမားတစ်ဦး သေဆုံး မွန်ပြည်နယ် မုဒုံမြို့ ဘောလုံးကွင်းမှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ဘောလုံးပွဲကျင်းပနေစဉ် မိုးကြိုးပစ်ခံရပြီး ကစားသမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 24, 2026
နိုင်ငံတကာ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို ထရမ့် လက်မှတ်ရေးထိုး ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 24, 2026
သတင်း စစ်ဘေးနဲ့ သဘာဝဘေးခံစားနေရတဲ့ ပြည်သူတွေကူညီဖို့ လန်ဒန်မှာ တစ်ကိုယ်တော်ပွဲလုပ်မယ့် ချမ်းချမ်း စစ်ဘေးနဲ့ သဘာဝဘေးဒဏ်ခံစားနေရတဲ့ အညာဒေသအပါအဝင် တိုင်းရင်းသားဒေသကပြည်သူတွေကို ကူညီပေးဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လန်ဒန်မြို့မှာ ပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် အဆိုတော် ချမ်းချမ်းက အသိပေးထားပါတယ်။ ludunwayooစက်တင်ဘာ 24, 2026