Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Rubik’s Cube အမြန်ဆုံး ဖြေရှင်းနိုင်တဲ့ အမျိုးသမီး ဖြစ်လာတဲ့ ၆ နှစ်သမီးလေး

အသက် ၆ နှစ်သာ ရှိသေးတဲ့ တရုတ် မိန်းကလေးငယ် တစ်ဦးဟာ ဉာဏ်စမ်း ကုဗတုန်း (Rubik’s Cube)ကို အမြန်ဆုံး ဖြေရှင်းနိုင်တဲ့ ကမ္ဘာ့စံချိန်သစ်ကို ပိုင်ဆိုင်သွားပါတယ်။

အသက် ၆ နှစ်သာ ရှိသေးတဲ့ တရုတ် မိန်းကလေးငယ် တစ်ဦးဟာ ဉာဏ်စမ်း ကုဗတုန်း (Rubik’s Cube)ကို အမြန်ဆုံး ဖြေရှင်းနိုင်တဲ့ ကမ္ဘာ့စံချိန်သစ်ကို ပိုင်ဆိုင်သွားပါတယ်။

Speedcuberလို့ ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရတဲ့ လျန့်ယွန်ကျိဟာ Rubik’s Cubeကို စုစုပေါင်း ၅ ကြိမ် ဖြေရှင်းပြီး ပျမ်းမျှမြန်နှုန်း စံချိန်ယူမှုမှာ အမျိုးသမီး တစ်ဦးအတွက် ကမ္ဘာ့စံချိန်ကို တစ်လတည်းနဲ့ နှစ်ကြိမ် ချိုးခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ Rubik’s Cube အဖွဲ့အစည်း နှစ်ခုက ဝူဟန်နဲ့ ကွမ်ကျိုးတို့မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲ နှစ်ခုစလုံးမှာ လျန့်က ပျမ်းမျှ မြန်နှုန်း ၄.၅၂ စက္ကန့်၊ ၄.၂၇ စက္ကန့်တွေ ရရှိခဲ့ပါတယ်။ အဲဒီလို စံချိန်ယူရာမှာ 3×3 ပျမ်းမျှ ရလဒ် တွက်ချက်မှုကို အသုံးပြုပါတယ်။

3×3 ပျမ်းမျှရလဒ် တွက်ချက်မှု ဆိုတာက ယှဉ်ပြိုင်သူဟာ ပျံကျသဘောမျိုး ရှုပ်ထွေးအောင် လုပ်ထားတဲ့ Rubik’s Cubeတွေကို စုစုပေါင်း ၅ ကြိမ်ဆက်တိုက် ဖြေရှင်းရပါတယ်။ အဲဒီ ၅ ကြိမ်ထဲက ရလဒ်အကောင်းဆုံးနဲ့ အဆိုးဆုံးတွေကို ဖယ်ထုတ်ပစ်ပြီး ကျန်တဲ့ ၃ ကြိမ်ကိုပဲ ပျမ်းမျှ တွက်ချက်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ချန်ဒူမှာ နေထိုင်တဲ့ လျန့်ဟာ ၄.၅၂ စက္ကန့်နဲ့ ဖြေရှင်းနိုင်ချိန်မှာ ကတည်းက အမျိုးသမီး တစ်ဦးအတွက် Rubik’s Cube ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်သူ ဖြစ်လာခဲ့ပြီး ၄.၂၇ စက္ကန့်နဲ့ အောင်မြင်ချိန်မှာတော့ စုစုပေါင်း ပျမ်းမျှ ကြာချိန် ၄.၅ စက္ကန့်အောက်မှာ အောင်မြင်တဲ့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရင်းနှီးသူတွေက ကျိကျိလို့ ချစ်စနိုး ခေါ်ဝေါ်တဲ့ မိန်းကလေးဟာ ဖြေရှင်းပြီးတဲ့ Rubik’s Cubeကို စားပွဲပေါ် ပစ်ချလိုက်ပြီး လက်ခုပ်တီးရင်း ပျော်ရွှင်နေတဲ့ ဗီဒီယိုကိုလည်း တရုတ် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မိခင်ဖြစ်သူ လင်ယန့်ရှီကတော့ သူ့သမီးကို အကနဲ့ ဂီတလိုမျိုး ကျောင်းပြင်ပ ဖွံ့ဖြိုးမှု သင်တန်းတွေ ထားပေးခဲ့ရာကနေ Rubik’s Cubeနဲ့ စတင် ထိတွေ့လာခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။ သူ့သမီးက အဲဒီပစ္စည်းလေးနဲ့ ဆော့ကစားနေတာကို ကြည့်ရင်း ကလေးတွေရဲ့ ဘက်စုံ ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်တယ်ဆိုတာကို သတိပြုမိလာကြောင်း လင်က ဆိုပါတယ်။

လျန့်ဟာ အခုအခါ Rubik’s Cubeရဲ့ ရှုပ်ထွေးမှုတွေကို ဖြေရှင်းမယ့် တွက်ချက်မှု နည်းလမ်း ၁၃၀၀ ကျော်ကို ကျွမ်းကျင် ပိုင်နိုင်နေပြီ ဖြစ်ပါတယ်။ အခုထိလည်း သမီးဖြစ်သူဟာ တစ်နေ့ကို ၂ နာရီကနေ ၃ နာရီလောက် မပျက်မကွက် ဆက်လက် လေ့ကျင့်နေတယ်လို့ လင်က ပြောပြပါတယ်။ တရုတ်သတင်းဌာန Red Star Newsကတော့ မိန်းကလေးရဲ့ အိမ်မှာ ဆုဖလားတွေ မှန်ဘောင်သွင်းထားတာကိုလည်း ပြသခဲ့ပါတယ်။

Rubik’s Cubeတွေကို ကိုင်တွယ် ဖြေရှင်းတာဟာ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ ကြောင်းကျိုးဆက်စပ် တွေးခေါ်မှု၊ တွက်ချက်မှု စွမ်းရည်တွေကို တိုးတက်စေရုံသာ မကဘဲ အနိုင်အရှုံးကို လက်ခံတတ်တဲ့ ကောင်းမွန်တဲ့ စိတ်ထား ခံယူချက်ကိုပါ လေ့ကျင့်ပေးကြောင်း လင်က ပြောကြားသွားပါတယ်။

Rubik’s Cube ပြဿနာကို 3×3 ပျမ်းမျှရလဒ် တွက်ချက်မှု နည်းလမ်းနဲ့ ကမ္ဘာ့စံချိန် တင်ထားသူကတော့ တရုတ်နိုင်ငံသား ယိဟန့်ဝမ်ဖြစ်ပြီး သူ့ရဲ့ ပျမ်းမျှမြန်နှုန်း စံချိန်က ၃.၅၁ စက္ကန့် ဖြစ်ပါတယ်။ တစ်ကြိမ်တည်းနဲ့ ဖြေရှင်းမှုမှာ ကမ္ဘာ့စံချိန် တင်ထားသူကတော့ ပိုလန် ဆယ်ကျော်သက်လူငယ် တီယိုဒို ဇက်ဂျ်ဒါးဖြစ်ပြီး ၂.၇၆ စက္ကန့်သာ ကြာမြင့်ခဲ့ပါတယ်။ အဲဒီစံချိန် နှစ်ခုစလုံးကိုလည်း ဒီနှစ်ထဲမှာပဲ အသီးသီး ရရှိထားခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

Facebook