Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ချုပ်နှောင်ခံ၊ လိင်အမြတ်ထုတ်ခံရတဲ့ တရုတ်အမျိုးသမီး ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ်

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Khaosod

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

အမျိုးသမီးတွေထဲက တစ်ဦးက ဆွေမျိုးတွေဆီ လျှို့ဝှက် ဆက်သွယ် သတင်းပေးနိုင်ခဲ့တဲ့နောက် ချွန်ဘူရီမှာရှိတဲ့ ဘန်လာမွန်က နှစ်ထပ်အိမ်ကြီးထဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းရဲတွေက ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ အသက် ၃၆ နှစ်၊ ၃၂ နှစ်နဲ့ ၂၃ နှစ်အရွယ် အမျိုးသမီးတွေကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေက သူတို့ဟာ ဖျော်ဖြေရေး အလုပ်အတွက် ခေါ်ယူခံရတာ ဖြစ်ပေမယ့် အိမ်ထဲမှာ ချုပ်နှောင် ခံထားခဲ့ရကြောင်း၊ သူတို့ကို အိမ်ပိုင်ရှင်တွေက လိင်ပိုင်းဆိုင်ရာ စော်ကား အနိုင်ကျင့်ခဲ့သလို မိဘဆွေမျိုးတွေ ဆီကနေပြီး ပြန်ပေးငွေတွေပါ အကျပ်ကိုင် တောင်းခံခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ရဲတွေက အဲဒီအိမ်မှာရှိတဲ့ တရုတ် အမျိုးသား ၄ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအမျိုးသားတွေဟာ အမျိုးသမီး သုံးဦးကို ထိုင်းနိုင်ငံထဲ ပတ်စ်ပို့တ်မပါဘဲ တရားမဝင် ဝင်ရောက်လာနိုင်အောင် စီစဉ်ပေးခဲ့တယ်လို့လည်း ထိုင်းရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ထဲမှာတော့ အမျိုးသမီးတွေကို ချုပ်နှောင်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ သံကြိုးတစ်ချောင်း၊ ကွန်ဒုံးတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ပစ္စည်းတွေကို ရှာဖွေ သိမ်းဆည်း ရမိခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ဖြစ်စဉ်မှာ ပါဝင်ပတ်သက်နေသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ထုတ်ဖို့လည်း မေးမြန်းစစ်ဆေးနေကြောင်း သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook