Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နဲ့ မဘိမ်းကို စစ်တပ် ဗုံးကြဲ

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

(ရွှေကူမြို့နယ်ကို စက်တင်ဘာ တတိယပတ်မှာ စစ်တပ်ဗုံးကြဲအပြီး တွေ့ရစဉ်။ အင်း​တော်ကို Y-12 နဲ့ စက်တင်ဘာ၂၃ ရက်မှာ ဗုံးကြဲအပြီး တွေ့ရစဥ်။ ဓာတ်ပုံ-CJ )

စက်တင်ဘာ-၂၃၊ ၂၀၂၆။ ‌ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

အင်းဝောာ်မြို့မှာ ဒီနေ့ စက်တင်ဘာ၂၃ရက် မနက် ၁၁နာရီခွဲခန့်က မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးလာကြဲသွားတာလို့ မြို့ခံတွေက ပြောပါတယ်။

“စက်သုံးဆီထားတဲ့ခြံကို ကြဲသွားတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ပြောကြတယ်။ မီးလောင်တာကို ကျွန်တော်တို့ လှမ်းမြင်နေရတယ်။ လူတွေထိလားမသိဘူး။ မေးလို့မရသေးဘူး”လို့ အင်းတော်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်းတော်မြို့အနီးက ရွာတစ်ရွာကို စစ်တပ်က ဗုံးကြဲသွားပြီး ထိခိုက်မှုအခြေအနေကို မေးမြန်းနေဆဲလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“အခုတင် သတင်းဝင်လာတယ်။ တိုက်ပွဲမရှိဘဲ ကြဲသွားတာ။ နောက်ထပ်လေကြောင်းသတိပေးချက် ထုတ်ထားတယ်”လို့ သူက ပြောပါတယ်။

အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ခုနှစ် ဧပြီ ၇ရက်မှာသိမ်းယူခဲ့တာပါ။ ဒါပေမဲ့၂၀၂၆ ခုနှစ် ဧပြီမှာ စစ်တပ်စစ်ကြောင်းတွေ ပြန်ဝင်လာပြီး မြို့ပေါ်ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် ဘေးပတ်ဝန်းကျင်ရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇွန်လကုန်မှာ နဘားလမ်းဆုံအပါအဝင် အင်းတော်၊ မော်လူးနဲ့ ကသာမြို့အနီးက စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေ ပြန်လည်ဆုတ်ခွာသွားပါတယ်။

စစ်တပ်က ဒီရက်ပိုင်းမှာ စစ်ကိုင်းတိုင်းနဲ့ ဆက်စပ်နေတဲ့ ကချင်ပြည်နယ်ထဲက ရွှေကူ၊ ရှမ်းပြည်နယ် မြောက်ပိုင်းက မဘိမ်းမြို့နယ်ထဲကို လေကြောင်းကနေ မကြာခဏတိုက်ခိုက်နေပါတယ်။ စက်တင်ဘာလလယ်က ဖြစ်ပွားခဲ့တဲ့ ရွှေကူမြို့နယ်ထဲက တိုက်ပွဲတွေထဲမှာ စစ်တပ် အထိနာခဲ့တဲ့အတွက် ကျေးရွာတွေကို ပစ်မှတ်ထားပြီးဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မဘိမ်းမြို့နယ်ကို စက်တင်ဘာ ၂၂ရက် မနေ့က ဗုံးအလုံးရေ ၄၀ ကျော် ကြဲချခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ ဗုံးကြဲမှုကြောင့် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပါဘူး။ ဗုံးခိုကျင်းထဲမှာနေထိုင်ပြီး လေကြောင်းအန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIAကတော့ လက်ရှိစစ်ရေး တင်းမာနေတဲ့ ဒေသတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်နိုင်တဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook