သတင်း ငပလီမြို့ကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 25, 2026
နိုင်ငံတကာ အိန္ဒိယရဲ့ အာသံပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေကြောင့် လူ ၄၀ ကျော်သေဆုံး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ရေကြီးမှုတွေကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ludunwayooဇူလိုင် 25, 2026
နိုင်ငံတကာ တရုတ်က မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိလာ၊ ပျောက်ဆုံးနေသူ ၅၀ အတွက်လည်း မျှော်လင့်ချက် မရှိတော့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြီးအပြီး သေဆုံးသူဦးရေ ထပ်တိုးလာနေပြီး လူပေါင်း ၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း ထိုင်း-အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံမှုမှာ မြန်မာကိစ္စကို ထည့်သွင်းဆွေးနွေး ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ludunwayooဇူလိုင် 24, 2026
နိုင်ငံတကာ စစ်သား ၅ ဦးကို ပစ်သတ်သွားသူတွေကို အစွမ်းကုန် လိုက်ရှာမယ်လို့ ထိုင်းစစ်တပ်ပြော ထိုင်းနိုင်ငံ တောင်ပိုင်းမှာ စစ်သား ၅ ဦးကို ပစ်သတ်သွားတဲ့ သေနတ်သမားတွေကို အစွမ်းကုန် လိုက်လံရှာဖွေဖို့ သံန္နိဋ္ဌာန် ချထားကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံအစည်းအဝေးတက်ရောက်ဖို့ အလှမ်းဝေးဆဲ မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်တို့ ၄ဦး ကြိုးပေးခံရမှု (၄)နှစ်ပြည့် လူထုလှုပ်ရှားမှု စစ်ကိုင်းတိုင်းဒေသခံတွေ ပြုလုပ် စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း ဖားကန့် သယံဇာတကျိန်စာ ဒေသခံတွေ လည်စင်းခံရပြန် မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း စစ်တပ်အာဏာသိမ်းပြီး ၆နှစ်အကြာ ကြက်ဥအလုံးကြီးတစ်လုံး ကျပ် ၇၀၀ ရှိလာ စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း ခေါင်လန်ဖူးမှာ တိုက်ပွဲဆက်ဖြစ် နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ် ludunwayooဇူလိုင် 24, 2026