Connect with us

Hi, what are you looking for?

သတင်း

လေပိုင်နက် ကျူးကျော်လာတဲ့ ပစ်မှတ်တွေကို တိုက်လေယာဉ်မှူးတွေက ပိုပြီးမြန်မြန် ပစ်ချခွင့်ပေးဖို့ ပိုလန် စီစဉ်

လေပိုင်နက် ကျူးကျော်မှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ကိုင်တွယ်နေတဲ့ တိုက်လေယာဉ်မှူးတွေကို လုပ်ထုံးလုပ်နည်းဆိုင်ရာ ပိုပြီး လွတ်လပ်ခွင့်တွေ ပေးသွားဖို့ ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ဓာတ်ပုံ - Getty Images

လေပိုင်နက် ကျူးကျော်မှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ကိုင်တွယ်နေတဲ့ တိုက်လေယာဉ်မှူးတွေကို လုပ်ထုံးလုပ်နည်းဆိုင်ရာ ပိုပြီး လွတ်လပ်ခွင့်တွေ ပေးသွားဖို့ ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

အဲဒီ ဖြေလျှော့မှုတွေအရ ပိုလန် လေသူရဲတွေဟာ ခွင့်ပြုချက် မရှိဘဲ လေပိုင်နက် ကျူးကျော်ဝင်ရောက်လာတဲ့ အရာဝတ္ထုတွေကို ပစ်ချဖို့ ပိုပြီး မြန်မြန်ဆန်ဆန် ဆုံးဖြတ်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားဟာ ပိုလန်နယ်စပ် လေပိုင်နက်ကို ထိပါး အကဲစမ်းတာမျိုးတွေ မကြာခဏ လုပ်နေခဲ့ပြီး ပိုလန်လေတပ်ရဲ့ အခုလို စည်းမျဉ်း အပြောင်းအလဲက နှစ်နိုင်ငံကြား တင်းမာမှုတွေကို ပိုဆိုးရွားလာစေဖွယ် ရှိနေပါတယ်။

လက်ရှိ ကျင့်သုံးနေတဲ့ စည်းမျဉ်းတွေအရ တိုက်လေယာဉ်မှူးတွေဟာ ခွင့်ပြုချက် မရှိဘဲ ပိုလန် လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ အရာတွေကို ရေဒါနဲ့ ထောက်လှမ်းပြီးရင် အနီးထိ ချဉ်းကပ်သွားပြီး မျက်မြင် အတည်ပြုဖို့ လိုအပ်တယ်လို့ ပိုလန် ကာကွယ်ရေးဝန်ကြီး ဆီဇာရီ တွမ်ဇစ်ခ်က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်နည်းအားဖြင့် လေယာဉ်မှူးတွေဟာ ကျူးကျော်လာတဲ့ အရာတွေနဲ့ ပတ်သက်လို့ ရေဒါမျက်နှာပြင်မှာ ဖတ်ရှုူရုံတင် မကဘဲ ကိုယ်တိုင် ဆန်းစစ် အတည်ပြုဖို့လည်း လိုတယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဟာ ဒုတိယ အဆင့်ဖြစ်တဲ့ မျက်မြင် အတည်ပြုရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဖယ်ရှားဖို့ စီစဉ်နေကြောင်း တွမ်ဇစ်ခ်က အတည်ပြုခဲ့ပါတယ်။

အပြောင်းအလဲက အတည်ဖြစ်သွားပြီဆိုရင် လေယာဉ်မှူးဟာ ရေဒါပေါ်က အချက်အလက်ကို ကြည့်ပြီးတာနဲ့တင် ပစ်ခတ်ချေမှုန်းမှုကို လုပ်ဆောင်ခွင့် ရှိလာမယ်လို့ တွမ်ဇစ်ခ်က ပြောကြားသွားပါတယ်။ အခုလို လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့လိုက်ခြင်းက အချိန်ကုန် သက်သာစေမှာ ဖြစ်သလို ပိုလန် လေပိုင်နက်ထဲ ဝင်လာတဲ့ ရုရှားဒရုန်းနဲ့ ဒုံးကျည်တွေကိုလည်း ပိုပြီး မြန်မြန်ဆန်ဆန် ပစ်ချနိုင်မှာ ဖြစ်တယ်လို့ တွမ်ဇစ်ခ်က ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့တုန်းက ရုရှားရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ ရုရှားပိုင် ကာလီနင်ဂရတ် ဒေသထဲကနေ ပိုလန်ပိုင်နက်ထဲ မီတာ ၃၀၀ လောက်ထိ တစ်မိနစ်နီးပါးလောက် နယ်ကျော် ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအတွက် ပိုလန်ဟာ တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေခဲ့ရပါတယ်။

ဒီလုပ်ရပ်မျိုးတွေဟာ မတော်တဆ မဟုတ်ဘဲ ပိုလန် လေကြောင်းကာကွယ်ရေး စနစ်တွေရဲ့ အသင့်အနေအထား ဖြစ်နိုင်စွမ်းကို ရုရှားက တမင်စမ်းသပ်နေတာလို့ ဝန်ကြီးက ပြောပါတယ်။

ပိုလန်ဟာ လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ရုရှားဒရုန်းတွေကိုလည်း အရင်က ပစ်ချခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပိုလန် နိုင်ငံခြားရေး ဝန်ကြီး ရာဒိုဆလော် ဆီကော်စကီးက တကယ်လို့ ရုရှား တိုက်လေယာဉ်တွေလည်း ပိုလန်လေပိုင်နက်ထဲ ကျူးကျော်လာရင် ပစ်ချခံရနိုင်ကြောင်း အတိအလင်း သတိပေးသွားခဲ့ပါတယ်။

ကိုးကား: Politico

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းတစ်စီးကို NATO တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။

သတင်း

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)ရဲ့ အကြီးအကဲက ရုရှားကို သွားရောက်ခဲ့တာဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေကို ရုရှားက တိုက်ခိုက်မလာအောင် သတိပေးဖို့ဖြစ်ကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

Facebook