Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီရေဘေး သေဆုံးသူ ၃၀ကျော်လာပြီး ဒါဇင်ချီပျောက်ဆုံးနေဆဲ

ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်‌တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

(​လောင်းလုံမြို့နယ်မှာ ​ရေကြီး​မြေပြိုပြီး​သေဆုံးသူတဦးရဲ့ရုပ်အ​လောင်းကိုစက်တင်ဘာ၂၈ရက်က ​​ဖော်ယူပြီးသယ်​ဆောင်လာစဥ်။ ။ဓါတ်ပုံ-​ဒေသခံ)

စက်တင်ဘာ-၂၉၊၂၀၂၆။အိမ်သွင်/People’s Spring

ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်‌တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်း‌‌ တွေဆက်လက်ဆောင်ရွက်နေရဆဲဖြစ်သလို သေဆုံးမှုစာရင်းဆက်လက်တိုးပွားလာနိုင်တယ်လို့ဖော်ပြထားပါတယ်။

ထားဝယ်ဒေသတစ်ခုလုံးမှာအဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်​​သေးတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရေအနည်းငယ်ပြန်ကျနေပေမယ့် ဒေသခံတွေ အလျင်စလို ပြန်လည်နေထိုင်တာမပြုလုပ်ကြဖို့နဲ့ မိုင်းအန္တရာယ်ကိုလည်းသတိပြုကြဖို့ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံဖက်ကလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်တနင်္သာရီတိုင်း၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာလ၂၆ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တိုွဟာ ရေဘေး နဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့ခဲ့ပါတယ်။

ဒါ​ပေမယ့် စက်တင်ဘာလ၂၈ရက်ညနေပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ အချို့ဒေသများမှာ ရေအနည်းငယ်ပြန်လည်ကျဆင်းလာပေမယ့် လက်ရှိအခြေအနေဟာပုံမှန် အခြေအနေပြန်လည်ရောက်ရှိလာပြီလို့ မမှတ်ယူဖို့ထားဝယ်အမျိုးသားအဖွဲ့ချုပ်က သတိပေးထားပါတယ်။

ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုကြောင့် မြေသား တွေရွေ့လျားတာ ၊ ရေစီးကြောင်းပြောင်းလဲခြင်းတို့ကြောင့် အရင်ကမတွေ့ခဲ့တဲ့ မြေမြှုပ်မိုင် းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ရေစီးနဲ့အတူမျောပါလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ရေကျပြီးနောက်လမ်း​တွေ ၊ခြံဝင်း​တွေ၊ လယ်ယာမြေ​တွေ၊ တောတောင်ဥယျာဥ်ခြံ​တွေနဲ့ အခြားသောနေရာတွေမှာ သံထည်ပစ္စည်းနဲ့စစ်လက်နက်ပစ္စည်းတွေ သို့မဟုတ် သံသယဖြစ်ဖွယ်ပစ္စည်းတွေ တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ဖယ်ရှားခြင်းမပြုလုပ်ဘဲ တပ်ရင်းတပ်ဖွဲ့တွေကိုအသိပေးဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိရေဘေးကြုံတဲ့ဒေသတွေဟာ စစ်တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်ဖို့ အကန့်သတ်တွေရှိနေပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေကပြည်သူတွေကို ဘေးကင်းနေရာသို့ ရွှေ့ပြောင်းပေးပြီး လိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ရေကြီး၊တောင်ပြိုအန္တရာယ်ရင်ဆိုင်နေရတဲ့ ကျေးရွာတွေမှာ အကူညီပေးနေတဲ့ အဖွဲ့အစည်း‌​တွေ၊ ဒေသခံပြည်သူတွေအနေနဲ့ အကူအညီလိုအပ်ရင် ဆက်သွယ်တောင်းခံဖို့လည်း အသိ​ပေးထားပါတယ်။

လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့်ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာအဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က စက်တင်ဘာလ၂၈ရက်မှာ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၉ ရက်ညနေပိုင်းအထိ တောင်မြေပြိုမှုတွေဆက်ရှိနေပြီး အခက်အခဲတွေကြားကနေ ကူညီကယ်ဆယ်ရေးလုပ်​ပေးနေတယ်လို့ အရပ်ဖက်အဖွဲ့အချို့ကပြောပါတယ်။ဒေသအသီးသီးကပရဟိတအဖွဲ့တွေအနေနဲ့လည်း ထားဝယ်ဒေသကိုလာရောက်ကူညီကြဖို့ ​မေတ္တာရပ်ခံထားကြပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ရေဘေးနဲ့မြေပြိုမှုဘေးဟာ ဒေသခံတွေအတွက် ထိခိုက်ဆုံးရှုံးမှုအလွန်ကြီးမားခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်တယ်လို့ဒေသခံတွေကပြောပါတယ်။

“တစ်ရွာလုံး မြေပြင်ကြီးဖြစ်သွားတဲ့ရွာတွေလည်းရှိတယ်။သေဆုံးသူဦးရေသေချာပေါက်တိုးလာမှာပါ။ မူလအခြေအနေပြန်ရဖို့မလွယ်တော့ဘူး”လို့လောင်းလုံး မြို့ဒေသခံတစ်ဦးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံ အလယ်ပိုင်းက ကုန်းမြင့်ဒေသတွေမှာ ရေကြီးမှုတစ်ခု ကြုံတွေ့ခဲ့ပြီး အိမ်တွေ၊ အဆောက်အအုံတွေ၊ တံတားတွေ ရေစီးနဲ့ မျောပါ ပျက်စီးကုန်သလို လူ ၅ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရပါတယ်။

Facebook