Connect with us

Hi, what are you looking for?

ကဗျာ

‘နှင်းဝေတဲ့ကျောင်း’

နှင်းတွေဝေနေတဲ့ ကျောင်းလေးမှာ

လိပ်ပြာလေးလို ပျံဝဲ

သိက္ခာရှိစွာ ရှင်သန်ဆဲပါပဲအမေ

◼️ကိုငြိမ်းချမ်း(တံတားဦး)

တိုင်းပြည်က မှိုင်းရီနေတဲ့အချိန်

အရုဏ်ဦးမှာ ရောင်နီကိုခူးဖို့

ခေတ်အရွေ့မှာ

Public Service Announcement

Public Service Announcement

အသစ်တစ်ခု ရွှေ့ရင်း

အခုကျနော်

ကျောင်းဆရာလုပ်နေတယ်အမေ …

ဘယ်တုန်းကမှ စိတ်မကူးမိဖူးခဲ့တဲ့ဘဝမှာ

လက်တွေ့ကျကျ ဖြတ်သန်း

နွမ်းနေတဲ့ ပန်းလေးတွေလန်းဖို့အတွက်

လက်နက်အစား မြေဖြူကိုင်

နိုင်ရာဝန် ထမ်းရင်းပေါ့ …

တကယ်တော့

တောင်ပေါ်ကျောင်းဆရာဘဝဆိုတာ

သိပ်တော့ အထာမကျလှဘူးပေါ့အမေရယ်

ဟင်းနဲ့ဆန်ကောင်းမှ

ထမင်းစားဝင်တတ်တဲ့ကျနော်

မုန်ညင်းစောကို ဟင်းလျာလုပ်

တောင်ယာဆန်စီးညိုနဲ့ ဝမ်းစို

မြိန်ရှက်တတ်နေပုံများ …

မငြိမ်းချမ်းတဲ့ ခေတ်ကြီးထဲ

စိမ်းလန်းတဲ့ တောင်ပေါ်မြေတစ်နေရာက

တအာင်းရွာလေး တစ်ရွာမှာပေါ့

ရိုးသားစိတ်ရှိတဲ့ တိုင်းရင်းသားတွေရယ်

ကြိုးစားစိတ်ရှိတဲ့ ကလေးငယ်တွေရယ်ဟာ

အခုလက်ရှိ ကျနော့်ရဲ့ကမ္ဘာငယ်လေး …

နိုင်ငံရေးသတင်းတွေကို နားစွင့်

စစ်ရေးသတင်းတွေကို နားစွင့်

သေနတ်သံ ဗုံးသံတွေကို နားစွင့်

လေယာဉ်သံတွေကို နားစွင့်

ပန်းလေးတွေ ပွင့်ခွင့်မရမှာစိုးစိတ်နဲ့

အိပ်မက်ထဲမှာတောင် ရွံ့ထိတ်မနေအားခဲ့ပါဘူးအမေရယ် …

အမြဲလိုလို

နှင်းတွေ ရစ်သိုင်း

မြူတွေဆိုင်းနေတတ်တဲ့

တောင်ကုန်းမို့မို့လေးပေါ်က

တော်လှန်ကျောင်းလေးဟာ

ကျနော့်အတွက်

လျော်ကန်အသင့်မြတ်ဆုံး ခိုနားရာ

ပန်းကလေးများ ယိမ်းနွဲ့

လှုပ်ခတ်နေတဲ့ ဆည်းလည်းလေးတွေနဲ့

သာယာလို့ …

ခုဆို

ချစ်ခြင်းအထွေထွေနဲ့

တော်လှန်ကျောင်းမှာ ပန်းတွေဝေနေပြီ အမေ

နှင်းတွေလည်း ဝေလို့ပေါ့

အိမ်ပြန်မရောက်နိုင်ခဲ့တဲ့ သားတစ်ယောက်

အမှန်တရားရဲ့ အမိုးအရိပ်အောက်မှာ

ကလေးလေးတွေရဲ့ အနာဂတ်မပျောက်ဖို့

ကွက်လပ်လေးတွေ ဖြည့်ပြီးရင်း ဖြည့်ရင်း

နှလုံးသားကို အရင်းတည်

ကြိုးတွေ အထပ်ထပ်ချည်နှောင်ရင်းလေ …

အမေမရှိတော့တဲ့ အိမ်လေးရဲ့အဝေး

နွေးထွေးသော ရင်ခွင်အရပ်ဆီမှာ

စစ်ကျွန်ပညာရေးကို ရိုက်ချိုး

ပန်းလေးတွေ ပျိုးရင်းပေါ့ …

ပန်းဝတ်မှုံ ထုံကူးရင်း

အလှဆုံးဖူးပွင့်နေတဲ့ ပန်းခင်းကြီးကြား

နှင်းတွေဝေနေတဲ့ ကျောင်းလေးမှာ

လိပ်ပြာလေးလို ပျံဝဲ

သိက္ခာရှိစွာ ရှင်သန်ဆဲပါပဲအမေ … ။ ။

၇၊ စက်တင်ဘာ၊ ၂၀၂၄

((The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘​​​​ကိုငြိမ်းချမ်း( တံတားဦး) ‘ရေးဖွဲ့တဲ့ “နှင်း​ဝေတဲ့​​ကျောင်း” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...